အိမ်​ ၁၂

2.3K 203 1
                                    

လူတိုင်းက ကျွန်​မ ​ပျော်​ရွှင်​ကြတာ မမြင်​ချင်​ကြသလို
ကျွန်​မဦး​နှောက်​ထဲမှာ ​နေရာယူထားတဲ့ ဆဲလ်​​လေး​တောင်
ကျွန်​မ ​ပျော်​ရွှင်​​နေတာကို မလိုလားဘူး .. ။

အိမ်​​လေး ဆယ်​တန်းကို All D နဲ့ ​အောင်​လို့
အိမ်​​လေးအတွက်​ ဂုဏ်​ယူစွာ ​ပျော်​ရွှင်​​ပေး​နေတဲ့အချိန်​မှာ
ဟန်​မ​ဆောင်​နိုင်​​လောက်​​အောင်​ နာကျင်​​အောင်
တိုက်​ခိုက်​ပါ​တော့သည်​ ။

ကျွန်​မ ခန​လေး​တောင်​ ​ပျော်​လို့မရဘူးလား .. ။

ဦး​နှောက်​ထဲက နာကျင်​တာထက်​ ..
အိမ်​​လေး .. အရမ်း စိတ်​ပူပြီး ပျာယာခပ်​​နေတာ..
ဆောက်​တည်​ရာမရ ဖြစ်​​နေတာ ကို မြင်​ရတဲ့အခါ
နှလုံးသား ​နေရာက ပို နာကျင်​ရသည်​ ။

Cancer cell က နှလုံးသားကို ​ရွှေ့သွားတာလား .?

ကျွန်​မ ကို ချစ်​လို့ အိမ်​​လေး နာကျင်​ရမှာထက်
အိမ်​​လေး .. ကျွန်​မကို မုန်းသွားပြီး ..
ကျွန်​မပဲ .. နာကျင်​ခံစားချင်​ပါသည်​ ။
မုန်းသွားပါ​စေ​တော့ရယ်​လို့ ..
ကြံစည်​ပြီး .. ​ပြောလိုက်​မိတဲ့ စကား​တွေမှာ
အကြာကြီး .. နာကျင်​ခံစားမ​နေပါနဲ့ .. အိမ်​​လေး ..
ပထမဆုံး အ​နေနဲ့ .. ကျွန်​မ အတွက်​ ..
အဓိပ္ပါယ်​ တစ်​ခုခု ရှိ​စေခဲ့တဲ့ .. အိမ်​​လေးမို့ပါ ။

လေးကန်​တဲ့ ​ခြေလှမ်း​တွေနဲ့
အိမ်​ထဲ .. ဝင်​လာခဲ့​တော့ ..
အိမ်​​လေး .. ကို ရှာမ​တွေ့​တော့ .. စိတ်​ပူပန်​ရပြန်​သည်​။
အိမ်​​လေး .. အဆင်​​ပြေရဲ့လား .. ?

အခန်းထဲဝင်​လိုက်​​တော့
ကုတင်​​ပေါ်မှာ .. အိမ်​​လေးနဲ့ ဆင်​တူဝယ်​ထားတဲ့
ခရမ်း​ရောင်​​ဖျော့​ဖျော့ ဂါဝန်​​လေးက ဖြန့်​လျက်​သား .
ကျွန်​မ .. အတိတ်​​မေ့​နေတာ မဟုတ်​ဘူးဆိုရင်​ ..
ဒီဂါဝန်​ကို .. ကျွန်​မ မဖြန့်​ထားခဲ့ပါဘူး .. ။

ဟင်​ .. လက်​​ရေးဝိုင်းဝိုင်း​လေးနဲ့ စာ​လေးတစ်​​စောင်​ ..

မမ ​ထွက်​သွားရ​တော့မယ့်​အခါ ..
ဒီ ဂါဝန်​​လေး ဝတ်​ထား​ပေးပါ လား ..
ဒါမှ .. အိမ်​​လေးနဲ့ ပြန်​​တွေ့တဲ့အခါ ဆင်​တူဖြစ်​​အောင်
ပြောမယ့်​သာ ​ပြောတာပါ ...
မမ က .. အိမ်​​လေး နဲ့ ​တွေ့ချင်​ပါ့မလား ..
တမလွန်​အထိ လိုက်​ ဒုက္ခ​ပေးရလားလို့ ..
အိမ်​​လေးကို .. ဆူ​ငေါက်​အုံးမှာပဲ .. ဒါ​ပေမယ့်​ ..
အိမ်​​လေး .. မမ အနားမှာပဲ ထပ်​​နေချင်​တယ်
ထူးဆန်းတယ်​​နော်​ ..
မမ က အိမ်​​လေးကို မလိုချင်​​ပေမယ့်​ ..
အိမ်​​လေးက .. မမ ကို အရမ်းချစ်​တယ်​ ..

အိမ်​ (HOME) Pure GLWhere stories live. Discover now