စီနီယာ အကိုကြီးနှင့်​ နီးစပ်​​ရေး 🍑🍑

5.5K 619 98
                                    

အခန်း .... 2
စီနီယာ အကိုကြီးနှင့်​ နီးစပ်​​ရေး ....

.......................................................

အဲ့အကိုကြီးက အထက်​တန်း​နောက်​ဆုံးနှစ်​ ..
ဗြောင်​ဘတ်​ဟျွန်းတို့က အထက်​တန်း ပထမနှစ်​ဆို​တော့ .. ​ကျောင်းချင်းလည်းတူ အိမ်​ချင်းလည်းနီး ..... အဲဗရီးသင်းအစ်​ ဆိုးဂွတ်​ထ်​ ပါပဲ ....

ကျောင်းမဖွင့်​ခင်​ နှစ်​ပတ်​​လောက်​ဟာလည်း အကိုကြီး ချန်း​ယောလ်​ အိမ်​ကို​မြောင်း​ပေါက်​မတတ်​ သွားလာ​နေသည်​မို့ အကိုကြီး ​မေ​မေ နှင့်​ပင်​အလွန်​တရာမှ ရင်းနှီး​နေပြီ .....

ခယ်​မ​လောင်း​လေးကို​တော့ အစက ငမ်း​ကြောထခဲ့​သော်​လည်း ယခု​တော့ဟို​ကောင်​​တွေထဲက ဘယ်​သူ့လက်​ကိုပဲ ပါပါ ​ဘေးမဲ့လွှတ်​ထားလိုက်​ပြီ ......

( အိုင်​က နွားမကြီးလည်း မဟုတ်​ 😒 )

ယခု​တော့ အကိုကြီးနှင့်​ နီးစပ်​​ရေးတို့အ​ရေးလုပ်​၍ ပထမဆုံး​ကျောင်းတက်​ရက်​ကို အပီရွှိုင်း ကာ ချီတက်​​တော့မည်​ .....

မ​လျှော်​တာ တစ်​လနီးပါး​လောက်​ရှိသည့်​ ​ခေါင်းအရင်​ဆုံး ​မွှေး​မွှေး​လေးဖြစ်​​အောင်​ ​ရေချိုးရင်း ​ခေါင်း​လျှော်​ရည်​ တစ်​ဘူးလုံး​မှောက်​ချကာ ​လျှော်​ရသည်​ .....

ထို့​နောက်​ တစ်​ကိုယ်​လုံးသာမက တင်​ပါး​လေးကိုပါ ​ပေါင်​ဒါ​လေး ရိုက်​သည်​ ....

မေ​မေ မီးပူ တိုက်​​ပေးထား​သော ​ကျောင်းယူနီ​ဖောင်း​လေးအား ​ကျော့​နေ​အောင်​ ဝတ်​ဆင်​ရင်း ​ရှေ့သို့ ကျ​နေ​သော ဆံပင်​စု ​လေးအားလက်​ဖြင့်​ ကြည့်​​ကောင်း​အောင်​ နည်းနည်း သပ်​ပြီး စတိုင်​ကျကျ ထွက်​လာခဲ့၏ .....

အရင်​ကလို အကျီင်္​တွန့်​​ကြေ ​ခေါင်းစုတ်​ဖွားနှင့်​ ဖရိုဖရဲ​ကျောင်းသွားလို့မဖြစ်​​တော့ .......

အကိုကြီး တဖြုတ်​ဖြုတ်​​ကြွေကျ​စေရန်​အတွက်​လည်း မ​နေ့ကမှ ဆိုင်​သွား၍ ဆံပင်​​ဆေးဆိုးကာ ပုံသွင်းလာသည်​မို့ ​ချောရက်​​နေမှုကြီးဟာ ဆိုရင်​ဖြင့်​ စာဖွဲ့ပြလို့ပင်​ မှီမည်​မဟုတ်​ .....

🍑🍑 Totally My Boyfriend 🍑🍑 ( Z + U Complete )Where stories live. Discover now