2

2.1K 122 5
                                    

Zawgyi>>>

Xing ရဲ့ မနက်ခင်းလေးဟာ
Baby ၏ တလှုပ်လှုပ်နိုးခြင်းကို ခံရခြင်းဖြင့် စတင်၏...

တစ်ခုခုပြောချင်သည့်အလား Xing ရဲ့ အင်္ကျီကြယ်သီးတို့အား လက်ချောင်းလေးတွေဖြင့် ထိုးဆွလိုက် နှုတ်ခမ်းလေးတွေနဲ့ မျက်နှာကိုမှုတ်လိုက်နဲ့...

Xing နိုးနေတာသိတော့
ချစ်ရသူရဲ့ မျက်နှာတော်လေးကတော့ အနည်းငယ်မဲ့နေရှာပါသည်...
Xing ပါးချိုင့်တွေ ပေါ်သည်အထိ ပြုံးလိုက်မိရင်း baby jun ရဲ့မျက်နှာနုနုလေးကို ခပ်ဖွဖွနမ်းရှိုက်မိတယ်...

"ဘာဖြစ်လို့လဲ baby jun..."

"Baby တစ်ခုလောက် တောင်းဆိုချင်လို့ Xing..."

Baby မျက်နှာလေးက ခယနေသည်မဟုတ်သော်ငြား တောင်းဆိုတာထက် အသိပေးခြင်းကိုပုံဖော်၏
Xing ပြုံးလိုက်မိရင်း baby ရဲ့ လက်ကလေးကို သူ့လက်တို့နဲ့ဆုပ်ကိုင်မိတယ်

"Baby က ဘာတောင်းဆိုမလို့လဲ? ကိုယ်အကုန်လုပ်ပေးမယ်"

"ဒီနေ့ Appa ကို သွားတွေ့ချင်တယ်"

"Seoul ကိုလား?"

Seoul တွင်ကျန်ခဲ့သော Baby ရဲ့အဖေက ဒုစရိုက်အလုပ်တွေကို နားထား၍
သာမန်လူတစ်ယောက်အသွင်နဲ့ seoul မှာ အခြေချနေထိုင်ပါသည်

Baby က သူနဲ့လက်ထပ်ထားတာမို့ ဒီမှာပဲခေါ်ထားပြီး အနီးကပ်စောင့်ရှောက်ခဲ့တာ...

"Baby သွားချင်ရင် ကိုယ်စီစဉ်ပေးပါ့မယ်"

"အင်း... ဒါပေမဲ့ အခုနော်"

"အခု?"

ဒီနေ့အတွက် Xing မှာ လုပ်စရာအလုပ်တွေ ပုံနေပါသည်... နယ်စပ်ဘက်က ပစ္စည်းတွေကို စီစဉ်ရမည်ဖြစ်သလို သူ့နယ်မှာ ရဲတွေခြေချင်းလိမ်နေသည်မို့ ဖြေရှင်းရပါဦးမည်

အရေးကြီးတယ်လို့ပြောရအောင် Xing အတွက်မလုပ်မဖြစ်လုပ်ရမှာတွေမို့ baby ကို ဒီနေ့ချက်ချင်းလိုက်ပို့ဖို့က ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်...

"ဒီနေ့ကတော့ ကိုယ်မအားလို့ပါ baby... မနက်ဖြန် ရအောင်လိုက်ပို့ပေးပါ့မယ်"

"ဟင့်အင်း ဒီနေ့ဆိုဒီနေ့ပဲ Xing"

Baby Jun က ခက်ပါသည် လုပ်ချင်တယ်ဆိုချက်ချင်းလုပ်ရမှ...
အဲ့လိုမှ အလိုမလိုက်ရင် Xing ကို 3 ရက်လောက် စိတ်ခုနေတတ်တာ...

နှင်းဆီငယ်Where stories live. Discover now