သူငယ်ချင်း ချစ်ရသူ ( chanris yaoi ) park 6

263 19 0
                                    


မနက်နေရောင်ခြည် စူးစူးသည် အင်္ကျီကျွတ်လျှက်အိပ်ပျော်နေသော ကောင်လေးထံကျရောက်လာသည် မကြာခင်မှာပင် ထိုကောင်လေးစီက လှုပ်လှုပ်ရှားရှားဖြစ်လာကာ နေရောင်ကို လက်နဲ့ကာလိုက်ပြီး မျက်လုံးများကိုဖြေးညင်စွာဖွင့်ပြီး အဖြူရောင်မျက်နှာကျက်ကိုပထမဦးစွာမြင်ရပြီး ခဏအကြာစိုက်ကြည့်ပြီးမှာ ကျွတ်လျှက်ဖြစ်နေသော အင်္ကျီများကို ပြန်ပြင်ဝတ်ရေချိုးခန်းထဲဝင်သွားလိုက်သည် ဘေးစင်ရှေ့တွေရပ်ကာ ပါဝါတစ်ထည်ယူပြီး ဘေးစင်ပေါ်ကခန္ဓာကိုယ်တစ်ဝက်လောက်မြင်ရတဲ့ မှန်ကိုကြည့်မိသည် ခန္ဓာကိုယ်အနှံ အညိုရောင်အကွက်များဖြစ်နေသည် လည်ပင်မှာဆို ပိုဆိုးပေါ့ အညိုရောင်အကွက်တွေရဲ့အစက ညကဖြစ်သည် ထိုအညိုရောင်အကွက်များလျစ်လျူပြီး ရေချိုးရန်ပြင်ဆင်တော့သည် ရေချိုးနေရင် ညကဖြစ်ပျက်ခဲ့သမျှအရာတွေက CCTV အလာ အကုန်ပြန်ရောက်လာသည် တွေးမိတိုင်ရှက်မိသလို ဖြစ်ပျက်သွားတာတွေကမြန်ဆန်းလွန်တာမို့ လိုက်မှီဖို့မကြိုးစားတော့ပါ ဒါကအစဘဲရှိသေးတယ် ဆက်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားထာရမယ် နောင်လာမဲ့ အနာဂတ်မှာဒီထက်ဆိုးသာတွေ ကြုံရမှာဘဲ ခံနိုင်ရည်ရှိရမယ်
အတွေးတွေရော ရေချိုးတာပါလက်စသက်ပြီး အဝတ်လဲရန် အဝတ်များရွေးနေစဉ် လည်ပင်က အညိုကွက်တွေကိုဖုံးနိုင်မဲ့ အင်္ကျီတွေမရှိတော့ စိတ်ပျက်မိသည် မထူးပါဘူး မာဖလာဘဲရှိတာ ကို တော်သေးတာက ရာသီဥတုက ဆောင်းဘက်အနည်းငယ် ကူနေပြီးမို့ မာဖလာတွေပင် ဝတ်လို့ရနေပြီး ဒါကတော့ ကံကောင်းတာပေါ့ အဝတ်တွေလဲပြီးအိမ်အောက်ဆင်းလာပြီး မီးဖိုးချောင်းထဲမှာ မနက်စားပြင်နေတဲ့ အမေဖြစ်သူကို ကူညီပေးပြင်ဆင်ရန်သွားလေသည်

Mrs.wu >> Yifan လေး နိုးပြီးလာ

Yifan >> ဟုတ် mama

Mrs.wu >> ဒီမှာထိုင်သား mama ပြောစရာရှိတယ်

Yifan >> ဟုတ်

Yifan mama အရှေ့ကထိုင်ခုံမှာဝင်ထိုင်လိုက်သည်

Mrs. Wu >> ညက chanyeol omma ဖုန်းဆက်တယ် chanyeol လေးက လက်ထပ်မဲ့ ကိစ္စကိုသဘောတူလိုက်ပြီးတဲ့

Yifan >> အဟွတ် အဟွတ် အဟမ်း

Mrs.wu >> ဖြေးဖြေးသောက်ပါသားရယ် သီးကုန်ပြီး

Yifan mama စကားကြောင့် သောက်နေတဲ့ နို့တောင်သီးသွားတယ် ညက chanyeol ပြောခဲ့တာကိုသိပေမဲ့ chanyeol စကားတတ်တာ ပြောခဲ့တယ်ထင်နေတာ အခုက တကယ်ကြီးပေါ့

Mrs.wu >> ပြီးတော့ chanyeol omma က ပြောသေးတယ် သားတို့ရဲ့ မင်္ဂလာပွဲကိုအမြန်ဆုံးစီစဉ်စေချင်းတယ်တဲ့ မနေ့ညက chanyeol လေး ပြောခဲ့တာတွေအတွက်ပါတောင်းပန်သွားတယ် mama ကတော့ စိတ်မဆိုးပါဘူး မထင်မှတ်ဘဲဖြစ်သွားတာဘဲ သားရဲ့ သဘောကရော

Yifan mama အမေးကိုဘယ်လိုပြန်ဖြေရမှာလဲ မင်္ဂလာပွဲအမြန်ဆုံးစီစဉ်သာက မဟုတ်သေးဘူး သူတို့ကမှ ကျောင်းမပြီးသေးတာ နောက်ဆုံးရဲ့အစဘဲရှိသေးတယ် ဒါပေမဲ့ Yifan chanyeol ကို လက်လည်မလွတ်ချင်းဘူး ကြောက်လည်ကြောက်မိတယ် chanyeol က ပြောရင် ပြောသလိုလုပ်တတ်တယ် တော်ကြာ အမြန်ဆုံးမင်္ဂလာဆောင်ပြီး ညကလိုဖြစ်...ဖြစ်ရင်.... အားးးးး တော်ပြီး တော်ပြီး

သူငယ်ချင်း ချစ်ရသူWhere stories live. Discover now