Chapter-4

786 45 4
                                    

ဲ Jaelဒီနေ့လဲပုံမှန်မနက်ခင်းတစ်ခုသဖွယ်နိုးထလာခဲ့တယ်။

ကိုယ်လက်သန့်စင်ပြီးနောက် အားလပ်နေသဖြင့် မနက်ခင်းလမ်းလျှောက်ရန် ခြေဦးတည့်ရာ ထွက်လာခဲ့သည်။ သူမအနေနှင့် ဤကမ္ဘာတွင်ရောက်နေသည်မှာ ခြောက်ရက်ရှိပြီဖြစ်သည်။

အစပိုင်းတွင် နေရထိုင်ရခက်မည်ဟု တွေးထားသော်ငြားလည်း လွယ်လွယ်နှင့် အသားကျသွားသည်မို့ ကံကောင်းသည်ဟုပင် ဆိုရပေမည်။

သခင်မလေး ယန်းလီကလည်း သူမအပေါ် အလွန်ကောင်းသည်မို့ သူမအနေဖြင့် မည်သည့် အလုပ်ကြမ်းမှ လုပ်စရာမလို။ သူမကို ဘေးမှာခေါ်ထားသည်မှလွဲ၍ အခြားအစေခံများကဲ့သို့ အလုပ်လုပ်ရသည်မှာ မရှိသလောက်နည်းသည်မို့ သူမပင် အံ့ဩနေရသည်။

"Jael" !
သူမအနောက်ကျောဆီမှ ထွက်ပေါ်လာသော အသံမာမာတစ်ခုကြောင့် တွေးလက်စ အတွေးများကို ရပ်ပြီး လှည့်လိုက်သည်။

"အမိန့်ရှိပါ သခင်မယွီ"
သူမအနောက်ကသူမှာ သခင်မYu Ziyuan ဖြစ်နေ၍ ခါးလေးညွတ်ရင်း ပြောလိုက်သည်။

" ဘာအလုပ်မှ မရှိဘူးလား"

"ဟုတ်.. ဟုတ်ကဲ့"

"အဲ့တာဆို အဝတ်လျှော်ဆောင်မှာသွားကူချည်"

"ဟုတ်ကဲ့ သခင်မယွီ"

~~~~~~~~~~~~~~~~~~~~~~~~~~~

သခင်မယွီလျှော်ခိုင်းတဲ့ အဝတ်ဆိုတာ ပုံမှန်အစေခံတွေအတွက် နှာချေသလောက်ပင် မခက်သော်လည်း ယာအဲအတွက်တော့ ပထမဆုံးပေမို့ အခက်တွေ့နေပေသည်။

လျှော်ရမည့်အဝတ်တွေ အဲ့လောက်မများပေမယ့် ညနေစောင်းမှသာ လျှော်၍ ပြီးလေသည်။ Jaelတစ်ယောက် အလုပ်ပြီးတာနဲ့ ပင်ပန်းလို့ အိပ်ဆောင်သို့ပြန်၍ အဝတ်လဲကာ တစ်ရေး အိပ်လိုက်၏။

ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမိလဲ မသိ။ သူမနိုးလာသော အချိန်မှာ ညဥ့်နက်နေပြီဖြစ်သည်။

(တော်တော်အိပ်ပျော်သွားတာပဲ...)

သူမတွေးနေတုန်း တံခါးအပြင်ဘက်မှ သခင်မလေးယန်းလီ၏ခေါ်သံ ကြား၍ တံခါးထဖွင့်လိုက်သည်။
သူမလက်တွေ ခါးတွေ အရိုက်ခံထားသလို နာကျင်နေတာတော့ သူမမှလွဲ၍ မည်သူမှသိမည် မဟုတ်။

Now I Understand. Where stories live. Discover now