ပြိုင်ကားအနက်ရောင် တစ်စီးဘယ်သူ့ ကိုမှဂရုမစိုက်ပဲအင်ဂျင်နီယာ ကျောင်းဝင်းထဲသို့ ဝင်လာခဲ့ သည်...
လမ်းပေါ်မှ ကျောင်းသား/သူ များကပင်အဲ့ ကားကိုမြင်တာနဲ့ ကြောက်လန့် ပြီးရှောင်နေကြသည်...
ထို့ နောက် ပါကင်ထိုးလို့ အပြီး"ဝုန်း"ခနဲ့ ကားတံခါးကိုပိတ်ပြီးလွယ်အိတ်လေးစလွယ်သိုင်းကာ ကျောင်းကန်တင်းသို့ ဦးတည်၍အရပ်မြင့် မြင့်  အသားအရမ်းမဖြူဘူး ယောက်ျားပီသတဲ့ ရုပ်ရည်နဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် လမ်းလျှောက်လာခဲ့ သည်...
သူကားပေါ်ကဆင်းလာသည်နှင့် တစ်ပြိုင်နက်သူ့ ကိုတွေ့ သမျှကောင်မလေးတိုင်းကပင် ငေးကြည့် ကြရသည်
သူဟာဘယ်သူလဲ သိချင်နေကြပြီပေါ့ 🙊
သူ့ နာမည်ကတော့ Taytawan အင်ဂျင်နီယာကျောင်းဒုတိယနှစ် ကကျောင်းသားပင်ဖြစ်သည်
သူဟာခပ်မိုက်မိုက်နဲ့ ဘယ်သူ့ မှ ဂရုမစိုက်တဲ့ ပုံနဲ့ ဆိုပေမယ့် 
စာပေပါမက အားကစားမှာလဲထူးချွန်တဲ့ ကျောင်းသားမို့ လို့ 
ဆရာများကပင် ပစားပေးထားသူလဲဖြစ်သည်
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လဲဖြစ်သည်နှင့် အညီရည်းစားတွေဆိုတာလဲ မှိုလိုပေါနေသည်
ဒါမဲ့ အခုချိန်ထိ အချစ်ဆိုတာဘာလဲ သူမသိသေးပေ
ကောင်မလေးတိုင်းက အရင်တွဲခွင့် တောင်းလို့ ခွင့် ပြုပြီးတွဲနေတာကြောင့်  ရည်းစားများတဲ့ လူရှုပ်ဟုလဲ လူသိများပေသည် သူဟာအခုထိတွဲလာသမျှ မိန်းကလေးတစ်ယောက်ကိုမျှအခွင့် ရေးယူခဲ့ ခြင်းမရှိပေ...
တစ်လ တစ်ခါတစ်လေတစ်ပတ်လောက်တွဲပြီးအကုန်ပြတ်သွားကြတာပဲဖြစ်ပေသည်...
ဒါပေမဲ့ ...
"Tay ဘာလို့ နောက်ကျနေတာလဲ ဒီမှာMin မနက်စာအတူစားဖို့ စောင့် နေတာကြာပြီ အမြန်သွားရအောင်နော်"
(ထိုသို့ ပြော ပြီးTayရဲ့ လက်ကိုအတင်းဆွဲကာကန်တင်းသို့ ခေါ်သွားလေသည်)
ဟုတ်ပါတယ် "Min"ဆိုတာ"Tay"ဘယ်လိုဖြတ်ဖြတ်မရတဲ့ ကောင်မလေးပါ အခြားကောင်မလေးတွေနဲ့ မတူဘူး
ဘယ်လိုပဲစိတ်ပျက်အောင်လုပ်လုပ် အတင်းလာပြီးတွယ်ကပ်နေတာကြောင့်  သီးခံပြီးအခုထိတွဲနေရတဲ့ ကောင်မလေးပါ
"Tay ဘာစားမှာလဲမှာကြမယ်လေ "
"ငါကဘာဖြစ်ဖြစ်ရတယ် မင်းအဆင်ပြေသလိုမှာလိုက်"
(စိတ်ရှုပ်နေသောမျက်နှာဖြင့် ပြောလိုက်ခြင်းပင်)
"Min ကိုဆိုအမြဲအဲ့ လိုကြီးပဲနော် ဒါမဲ့ ရပါတယ် ဒီကချစ်နေရတဲ့ သူဆိုတော့ "(တေးကိုအတင်းမှီပြီချွဲပြောလိုက်ခြင်းပင်)
"အန်တီ ထမင်းဖြူကို ဝက်ပင်စိမ်းအုပ် ၂ပွဲပေးနော်
ကော်ဖီအေးလဲ၂ခွက်ပေး"
YOU ARE READING
💕အချစ်ဆိုသည်မှာ...💕
Fanfictionဒီ fic လေးကိုTayNew Shipperတစ်ယောက်အနေနဲ့ အသဲနှစ်ယောက်ကိုချစ်တဲ့ သူတွေဖတ်လို့ ရအောင်ရည်ရွယ်ပြီးရေးဖြစ်တာပါနော်😇 နာမည်တွေကိုလဲ တေးနဲ့ နယူး လို့ ပဲသုံးမှာပါနော် ဇာတ်လမ်းကတော့ အသဲနှစ်ယောက်ကိုရိုက်စေချင်တဲ့ ပုံစံလေး စိတ်ကူးပြီးရေးထားတာပါနော်💕💙 တစ်ခုခ...
