2

5K 424 102
                                    



Zawgyi


မင်္ဂလာပါဗျ။ ။

အားလုံးသိကြတဲ့အတိုင်း ကျွန်တော့ညီဆိုတဲ့အကောင်သေးလေးနဲ့ ကျွန်တော့်အကြောင်း ပြောရင် မိုးသာလင်းသွားမယ် ပြီးမှာမဟုတ်ဘူး။

ဒါပေမယ့် မပြောမပြီး မတီးမမြည်ဆိုသလိုပဲ ပြောတော့ပြောရအုံးမယ်ဗျ။

ခင်ဗျားတို့ အားလုံးလည်း သိချင်နေကြတယ် မဟုတ်လား။

ပြောပြရမယ်ဆိုရင်လည်း ပေါက်စ အရွယ်က အကြောင်းကပဲ စပြောရမှာပဲ။

ကျွန်တော်က ခုနှစ်နှစ် သူက နှစ်နှစ်ကျော်ကျော်ပေါ့ဗျာ။

ပြောရရင် အနှီးမလွှတ် ချီးသေးမလွှတ်သေးတဲ့ အရွယ်ပေါ့။

အိမ်မှာ appa နဲ့ omma က မရှိဘူး။

နှစ်ယောက်စလုံးက ဘူဆန်က အဘိုးနဲ့အဖွားကို နှစ်သစ်ကူး သွားကန်တော့ကြတဲ့ အချိန်ဗျ။

ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကိုလည်း မခေါ်ကြဘူးဗျ။

ကျွန်တော်ညီ အသေးကောင်က ငယ်သေးတာ တစ်ကြောင်း အမေက သူ့မာင် ကျွန်တော့ဦးလေး လူပျိုမရောက်တစ်ရောက်ကြီးကို စိတ်မချတာကလည်း တစ်ကြောင်းပေါ့ဗျာ။

ဆိုတော့ကာ အိမ်မှာ ကျွန်တော်ရယ် အဲ့ပေါက်စရယ် ဦးလေးရယ်ပဲ ကျန်ခဲ့တာပေါ့ဗျာ။

ဇာတ်လမ်းက အဲ့မှာစတာပဲဗျ။

ဒါနဲ့ နေကြအုံး ကျွန်တော်က ကျွန်တော့်ညီကို ငယ်ငယ်ကတည်းက ဘေဘီလို့ ခေါ်လာတာဗျ။

ကြီးလာမှသာ အဲ့အကောင်ပေါက်က အချေစိတ်ဝင်ပြီး အဲ့လိုခေါ်တာ မကြိုက်တော့တာ။

ကောင်မလေးတွေကြားရင် အောက်တယ်ဆိုပဲ။

ဒါပေမယ့်လည်း ကျွန်တော် ခေါ်ချင်ရင်ခေါ်နေတာပါပဲ။

ညီအစ်ကိုနှစ်ယောက် စိတ်ကောင်းရင်တော့ ကိုကိုနဲ့ ဘေဘီပေါ့ဗျာ။

သတ်ကြရင်တော့ သူက ကျွန်တော့ကို ထိပ်ပြောင်တဲ့ ကျွန်တော်ကလည်း အားကျမခံ သူ့သွားအကြီးကြီးတွေကို အမြင်ကပ်လို့ သကြီးကို လို့ခေါ်တာပေါ့ဗျာ။

Two BrothersWhere stories live. Discover now