Intro

9.5K 119 1
                                    

K နဲ့စတဲ့ နာမည်နဲ့ လူသုံးယောက်က နောက်ဆုံးမှာ နှစ်ယောက်ပဲ ချစ်သွားမှာပါ.. ချစ်သွားမယ့် လူနှစ်ယောက်ကတော့....
သိချင်ရင် ဖတ်ကြည့်ပါ...

ပုံထဲကလို ယောက်ျားလေးနှစ်ယောက် မိန်းကလေးတစ်ယောက် ဖြစ်နေတာမို့ BL လား Normal လားလဲ မသိသေးပါဘူး...
On going လေးမို့လို့ပါ..

Keith ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက သူချစ်နေတဲ့ ကောင်မလေးနောက် လိုက်နေတာ ကြာခဲ့ပါပြီ.. သူက ထိုကောင်မလေးကြောင့်ပဲ အခြားကောင်မလေးတွေနဲ့ ခပ်ကင်းကင်းနေတာကို လူတွေက သူ့အချစ်ဆုံးသူငယ်ချင်း Kenny နဲ့ အတွဲတွေလို့ အထင်လွဲကြရော..ဒါပေမဲ့ Kenny ကလည်း Gayတစ်ယောက် ဖြစ်နေတယ်။ Keith ချစ်နေတဲ့ ကောင်မလေး Katie
ကလည်း အမှန်တော့ သူတို့သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်ကို ချစ်နေခဲ့တယ်။ သူတို့သုံးယောက်ရဲ့ ရှုပ်ထွေးတဲ့ ရင်ခုန်သံတွေ ကြားမှာ နောက်ဆုံး ပေါင်းဖက်သွားရမယ့် ရင်ခုန်သံနှစ်ခုကတော့...

School life လေးဖြစ်ပြီး Romance,Comedy အမျိုးအစားလေးပါ..
အထဲက sexအမျိုးအစားမှာလဲ normal,gayအပြင် bisexual လည်း ပါပါတယ်..

ရယ်ရလို့ ကျနော်ဘာသာပြန်ဖို့ စဉ်းစားခဲ့တာပါခင်ဗျာ...
အပိုင်းကလဲ သိပ်မရောက်သေးတော့ မူရင်းအာသာကို မှီအောင် လိုက်မယ်လို့ စဉ်းစားထားပါတယ်...

မူရင်းအာသာကလည်း စွခွက်ပြောင်စွာနဲ့ သူ့ဇာတ်ကောင်တွေ စကားပြောခန်းတွေ ဝင်ဝင်ပါပါတယ်ခင်ဗျ...

မူရင်းအာသာရဲ့ စဉ်းစားပုံက မိုက်တယ်ဗျ..
ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စကားပြောတွေ အတွေးတွေကို မရောအောင် စာလေးတွေကို ဇာတ်ကောင်တွေ ကိုယ်စားပြုအရောင်တွေနဲ့ ထားတယ်...

Keith က အစိမ်းရောင်
Kenny ဆိုရင် အညိုရောင်
Katie ကတော့ ပန်းရောင်
အာသာက သူပြောချင်တာလေးတွေ ထည့်ရင် အပြာရောင်နဲ့ ထည့်တယ်..

နောက်ဇာတ်ကောင်တွေကတော့ ပေါ်လာမှ သင့်ရင် သင့်သလို ပြောပေးပါ့မယ်ခင်ဗျ

ပြောချင်တာတော့ ဒါပါပဲ...ဒီထက်သိချင်တယ်ဆိုရင် ဖတ်ကြည့်ကြပါခင်ဗျ ဟီး

•••2K In Love•••Where stories live. Discover now