🌸 Cherry Blossom 🌸 | One |

913 56 39
                                    


ဆယ့်​နှစ်​လထဲ ​လေးလ​မြောက်​ဧပြီဟာ
တောင်​ကိုရီးယားရဲ့ အလှဆုံးရာသီဆိုရင်
မမှားပါဘူး.. ​နေရာတိုင်း လမ်းတိုင်းလိုလို
ချယ်​ရီပန်း​တွေတဖွဲဖွဲ​ကြွေပြီး ဆွတ်​ပျံ့ကြည်​နူးဖွယ်
ဖြစ်​​နေတတ်​တာပါပဲ.. ။

ဒီ​နေ့လည်း အလုပ်နားရက်​မို့ နမ်​ဆန်းတာဝါနား
လမ်း​လျှောက်​ထွက်​ကြဖို့ ကတိ​ပေးထားလို့
လူသွားလမ်းကျယ်​​ဘေးက ပန်းခြံနားကို
ကျွန်​​တော်​​ရောက်​​နေတယ်​ ။

မကြာခင်​ပဲ ပန်းနု​ရောင်​ကုတ်​အင်္ကျီကို ဂျင်းအနက်
နဲ့တွဲဖက်​ဝတ်​ဆင်​ထားတဲ့သူမက တစ်​လှမ်းချင်း
ကြွကြွ​လေး ​လျှောက်​လာတယ်​ ​။ အပင်​​တွေ​ပေါ်က
တစ်​ချပ်​စီ​ကြွေတဲ့ ပွင့်​ဖတ်​​တွေလို နူးညံ့ပြီးသိမ်​​မွေ့တဲ့
အပြုံး​တွေကို ချိတ်​ဆွဲရင်း ​ပေါ့ပါး​နေတဲ့သူမ ..
ကျွန်​​တော့်​လက်​ကို လာချိတ်​ရင်းဆိုတယ်​ ။

" နင်​စောင့်​​နေရတာကြာသွားပြီလား "

ဒါဟာ သူမတို့မိန်းက​လေး​တွေ​မေး​နေကျစကားမို့
ဘာမှမ​ပြောပဲ အသာပြုံးရင်း​ခေါင်းရမ်းပြလိုက်​​တော့
သ​ဘောကျသွားပုံ​ပေါ်တယ်​ ။

အ​တော်​ကြာ​အောင်​လမ်း​လျှောက်​​နေကြရင်း
ချယ်​ရီ​တွေအများကြီးပွင့်​​နေတဲ့အကြီးဆုံး
အပင်​တစ်​ပင်​​အောက်​မှာ သူမရပ်​တန့်​လိုက်​ပြီး
ကျွန်​​တော့်​လက်​ကိုချိတ်​ထားတဲ့ သူမရဲ့လက်​က​လေး​တွေ ​ပြေ​လျော့သွားတယ်​ ။ တစ်​လွှာစီ ဖွဲဖွဲ​လေး
ကြွေ​နေတဲ့ ပွင့်​ဖတ်​​တွေကို​ငေး​နေတဲ့ သူမမျက်​ဝန်း​တွေမှာ ​ကြေကွဲ​နေတဲ့အရိပ်​အ​ယောင်​မရှိပဲ ဖြစ်​ရိုးဖြစ်​စဉ်​ တစ်​ခုလိုအသားကျ​နေတဲ့ ​အေးစက်​ခြင်းမျိုးနဲ့ ..။

ပြီး​တော့ အနူးညံ့ဆုံးအပြုံး​လေးတစ်​ခုနဲ့
ကျွန်​​တော့်​ဖက်​ကို လှည့်​လာတယ်​ ။ စ​တွေ့ချိန်​တုန်းက
ထက်​ ပိုရင့်​ကျက်​လာတဲ့သူမက အမျိုးသမီးတစ်​​ယောက်​ရဲ့ အလှနဲ့ပြည့်​စုံ​နေတုန်းပဲ ​။

" နင်​နဲ့ဖြတ်​သန်းခဲ့တာကာလတစ်​​လျှောက်​လုံး
ငါ​ပျော်​ခဲ့ပါတယ်​ ပြီး​တော့ အရာရာတိုင်းအတွက်
ကျေးဇူးတင်​ပါတယ်​ "

🌸 Cherry Blossom 🌸 Where stories live. Discover now