Ep.11

1.8K 170 18
                                    

My Secretary is My Crush
~~~

"နင့်ဆံပင်က ဘယ်လိုဖြစ်တာလဲ Seul!"

Wendyတို့ Hawaiiသွားဖို့ Airportမှာ တခြားလူတွေကို စောင့်နေစဉ် Hair colour ပြောင်းထားပြီး ရောက်လာတဲ့Seulgiကြောင့်
Wendyတစ်ယောက် ပါးစပ်အဟောင်းသားနဲ့ အလွန်အံဩနေမိသည်။

Seulgiက သူ့ရဲ့ပျော့အိအိ အနက်ရောင်ဆံပင်ရှည်
များကို နဖူးပေါ်ကသပ်တင်ရင်း

"တခြားအရောင်တွေကို ငြီးငွေ့လာလို့လေ~ Annyeon Yerim-ah"

"Annyeon Seulgi Unnie"

"ငါနင်နဲ့ သိကတည်းက နင်ဆံပင်အနက်ရောင် တစ်ခါမှမထားဖူးပါဘူး။ ဆေးစားများမှားတာလား?"

"နင်ကလည်း ဘာမဟုတ်တာလေးကို အံဩနေသေး
တယ် ဟား...ဟား"

"ဟော...သမီးရဲ့အတွင်းရေးမှူးတို့ ရောက်လာပြီ"

Wendyအဒေါ်ရဲ့စကားကြောင့် သူမတို့ပြိုင်တူ လှမ်းကြည့်လိုက်ရာ ပေါ့ပေါ့ပါးပါး ဒူးထိရှည်တဲ့ ပန်းပွင့်လေးတွေပါတဲ့ ဂါဝန်လေးတွေကိုယ်စီနဲ့ သူမတို့ဆီကိုလျှောက်လာတဲ့ Ireneနဲ့ Joyကို
တွေ့လိုက်ရသည်။

"Unnieနဲ့ ဆရာမက လှလိုက်တာ။ Mommy
ဘာလို့Yerimကို အဲ့လိုဂါဝန်လေးတွေ မဝတ်ခိုင်း
တာလဲ?"

Yerimကနှုတ်ခမ်းဆူပြီး သူမကိုရန်တွေ့တော့ Ireneကရယ်လျက် Yerimရဲ့ဆံပင်လေးတွေ
ကို ပွတ်သပ်ကာ

"ဒီလိုMommyနဲ့ ဆင်တူဝတ်ထားတာ ဘယ် လောက်ချစ်ဖို့ကောင်းလဲ Yerimရဲ့"

Wendyကို အလုပ်မှာမြင်နေကျ Suitတို့ coatတို့ မဟုတ်ပဲ ဂျင်းဘောင်းဘီနဲ့ Tshirtအဖြူလက်ရှည်
ကိုမှ အပေါ်ကဆွယ်တာချည်ပြီး ဝတ်ထားတာမို့ သူမ

အတွက် တစ်မျိုးကြည့်ကောင်းနေပြန်သည်။ Yerim ကလည်း တစ်ပုံစံတည်းတူတဲ့ outfitအသေးလေးနဲ့။

"အတွင်းရေးမှူးBaeက Yerimနဲ့ သိပ်အဆင်ပြေ
တာလေ" Ireneကို ပြုံးပြီးကြည့်နေတဲ့ သူမအဒေါ်ကို
ပြောလိုက်သည်။

"ငါ့တူမလေးလည်း ဒီလိုအရွယ်မှာ သူတို့လို ဖူးပွင့်စ
ပန်းကလေးလို အရောင်တွေတောက်နေရမှာ"

My Secretary is My CrushWhere stories live. Discover now