Just~ 9

10.8K 1K 50
                                    

Chanyeol, bathroom ထဲက ထွက်လာတဲအချိန်ကိုက် တစ်ချိန်တည်း လင်းလာတဲ့ bedside ပေါ်ကဖုန်းလေး.

မျက်နှာသုတ်လက်စ ပုဝါကို လည်ပင်းမှာ တင်ပြီး ကုတင်မှာ ထိုင်ကာနဲ့ ဖုန်းဖွင့်ကြည့်လိုက်တော့..
တစ်မိုးအောက် Byunbaekhyun ပို့လာတဲ့ message...

Message ကထင်ထားသလိုတော့ မဟုတ်ခဲ့...

”Huk...ပတ်သက်မှုကို ရပ်မယ်တဲ့လား... ဘယ်သူ့ သဘောနဲ့လဲ ByunBaekHyun ”

”လွယ်လွယ်နဲ့ အဆုံးသတ်မဲ့ ဆက်ဆံရေးဆို... အစထဲက စတောင်မစခဲ့ဘူး...”

”အိမ်ထောင်ရှိ ယောကျ်ားမှန်းသိရက်နဲ့.. ကိုယ်တိုင်သဘောတကျတိုးဝင်ခဲ့တဲ့ ကိစ္စ... ခင်ဗျားရဲ့ စာတစ်စောင်နဲ့.. အကုန်အပြီးသတ်ရမယ်တဲ့လား...
မဖြစ်နိုင်လိုက်တာ... ”

သွေးပူနေမှုကြောင့် အသက်ရှူသံတွေက ပြင်းထန်နေသည်။ မြန်ဆန်စွာ နိမ့်လိုက် မြင့်လိုက်နဲ့ ရင်ဘတ်တစ်စုံက.. အသက်ပြင်းပြင်းရှူနေရဟန်ကို ဖော်ပြနေ၏ ။
လက်ကလည်း ဖုန်းကို တင်းတင်းကျပ်ကျပ်ကို ဆုပ်လို့ ကိုင်ထားသေးသည်။
မကြာလိုက်...

” ဒုန်း ”

ဖုန်းလေးမှာ နံရံက ပြန်ကျပြီး..ကြမ်းခင်းထက် မရှုမလှကျလျက်... အပြစ်မရှိတဲ့ ဖုန်းလေးကတော့ ဓားစာခံဖြစ်လို့ သွားရှာပြီ..။

                      %&%&*%&%&

”သူဌေး...အထဲမှာ ParkChanYeol ရောက်နေပါတယ်
ရှစ်နာရီလောက်ထဲက ရောက်လာပြီး ထိုင်စောင့်နေတာပါ ”

ရောက်ရောက်ချင်း အတွင်းရေးမှုး စကားကြောင့် ဘာဆက်လုပ်ရမလဲ မသိဖြစ်သွားသည်။
အခန်းကို တစ်ချက် ကြည့်လိုက်ပြီး...

”ငါ မလာဘူး လို့ ဖုန်းဆက်တယ်ပြောလိုက် ”

”ဟုတ်ကဲ့. ”

Baekhyun လှည့်ထွက်သွားလေပြီ..။ သူ Chanyeol ကို မတွေ့ချင်နေပါ ။

ကားပါကင်မှာရပ်ထားတဲ့ ကားအတွင်း Baekhyun ရှိနေသေးသည်။ မသွားသေးဘဲ ခဏလေး အတွေးတွေကို ဖြန့်ကျက်နေမိသည်။

ငါလုပ်နေတာ မှန်ရဲ့လား? လူတစ်ယောက်နဲ့ မပတ်သက်သင့်တဲ့ ပတ်သက်မှုတစ်ခု လုပ်ပြီး အကုန် ရှုပ်ထွေးစေမိပြီ။

Just~~~{[Completed]}Where stories live. Discover now