ကြွေရုပ်​​လေး​မောင့်​ချစ်​သူ😍

546 34 3
                                    

ကြွေရုပ်​​လေး ​မောင့်​ချစ်​သူ.........
Present for @perrynway..

အေဒီ၈ရာစု....ချီမင်းဆက်​...

"လိုက်​ကြ​ဟေ့!...လိုက်​ကြ ...မလွတ်​​စေနဲ့....အပြစ်​သားကို မိ​အောင်​ ဖမ်းကြစမ်း!!!!..."

ညာသံ​ပေးကာ..အ​နောက်​က​နေ တရစပ်​ ​ပြေးလိုက်​လာတဲ့
လူတစ်​အုပ်​ကြီးရဲ့ အသံက....ဂါမို​တောအုပ်​ထဲက​နေ ပဲ့တင်​ကာဟိန်း ထွက်​လာပြန်​တယ်​...

နန်းတွင်းရဲမက်​​တွေရဲ့ အ​ဆောင်​အ​ယောင်​ ကို ဆင်​ယင်​ထားပြီး...ကိုယ်​စီ ကိုင်​​ဆောက်​ထားတဲ့ ​ဓားရှည်​​တွေက ​နေ​ရောင်​ခြည်​ ​အောက်​မှာ ​ငွေ​ရောင်​တလက်​လက်​နဲ့ပင်​..

အားလုံးရဲ့ မျက်​နှာမှာ​တော့.​ဒေါသရိပ်​တစ်​ချို့ က ထင်​ဟပ်​လျက်​....လက်​သုံး​တော်​ ဓား​တွေကလည်း သက်​ရှိမှန်​သမျှကို ဇီဝိန်​ချူပ်​ရန်​အတွက်​ အသင့်​ဖြစ်​​နေ​တော့သည်​။

"Han!...အဆင်​​ပြေရဲ့လား....ကိုယ့်​လက်​ကို မလွှတ်​နဲ့​နော်​....."

Sehunတစ်​​ယောက်​ လက်​ထဲမှာ ရှိ​နေတဲ့ သူမရဲ့ လက်​ဖဝါး​လေးကို ခပ်​တင်းတင်း ​လေး ဆုပ်​ကိုင်​လိုက်​ပြီး သတိ​ပေးစကား​ပြောလိုက်​မိ၏..

အနည်းငယ်​​အေးစက်​​နေတဲ့ လက်​ဖဝါး​လေးရဲ့ အထိအ​တွေ့က သူမ​လေး ဘယ်​​လောက်​​တောင်​ ​ကြောက်​​နေသလဲဆိုတာကို ခန့်​မှန်းကြည့်​လို့ရပါတယ်​..

"အင်း...အင်းပါ....hun သူတို့ လိုက်​လာကြပြီ....ဟင့်​..
Luတို့ ဘယ်​လို လုပ်​မလဲ ဟင်​???..."

မျက်​ရည်​စတစ်​ချို့နဲ့ ​ပြောလာတဲ့ သူမ​လေးရဲ့ စကားသံ​ကြောင့်​..sehun ခြုံတစ်​ခု ရဲ့ အကာအကွယ်​ကို ယူလိုက်​ပြီး...သူမ​လေးရဲ့ လက်​ကို တွဲကာ...ထို​နေရာမှာ ခဏနားလိုက်​​တော့တယ်​....

မောဟိုက်​​နေ​သော အသံကို အားယူပြီး sehun​ပြော​နေမိ၏

"Han..ကိုယ့်​ကို ယုံတယ်​မလား...??..."

"အင်း....ယုံတယ်​....lu..Hunကို ယုံပါတယ်​ "

ကျွန်​မရဲ့ မျက်​ဝန်း​တွေထဲကို စိုက်​ကြည့်​ရင်း ​မေးလာတဲ့
Hunကို...တုန့်​ဆိုင်းခြင်းမရှိပဲ ကျွန်​မ ပြန်​​ဖြေလိုက်​တယ်​..

ကြွေရုပ်​​လေး ​မောင့်​ချစ်​သူ{one Short}Where stories live. Discover now