Chapter 2

3K 386 116
                                    

Unicode

နောက်တစ်နေ့ မနက်ရောက်တော့ အတန်းထဲ
တိတ်ဆိတ်စွာ၀င်လာတ့ဲ ပတ်ဆောင်းဟွန်ကို
တစ်ခန်းလုံးက မချေမငံပုံစံဆက်ဆံကြပြီး
‌ေပါ်တင်တိုးတိုး တိုးတိုးနဲ့ အတင်းပြောနေကြသည်။အဲဒီ့မြင်ကွင်းကို ဂျယ်ယွန်းကျေနပ်စွာ ပြုံးပြုံးကြီးကြည့်‌ေနလိုက်သည်။

သို့ပေသိ စိတ်မကောင်းစရာတစ်ခုက...... တစ်ဖက်ကလူမှာ သူ့ကိုလူတွေဘာလုပ်လို့ လုပ်နေမှန်းမသိတ့ဲ psycho ပတ်ဆောင်းဟွန်ဖြစ်နေတာ‌ေကြာင့်ပွဲမလှနေခြင်းဖြစ်သည်။

ပတ်ဆောင်းဟွန်က သူ့မူပိုင်အတိုင်း
အေးဆက်ဆက်ပင် ရှေ့ကနံရံကြီးကို ငေးကြည့်ပြီးသူ့နေရာမှာပဲသူထိုင်နေသည်။

မသိရင်တော့ ချေတာပေါ့ ဒါပေမယ့်
တစ်ကယ်တော့ သူက ရူးနေတာလေ .....။

ဂျယ်ယွန်း စာသင်ခုံပေါ်မေးထောက်ပြီး
မသိမသာ ပတ်ဆောင်းဟွန်ကို ဘေးတစ်စောင်းခိုးကြည့်နေလိုက်သည်။


ပတ်ဆောင်းဟွန်ဆိုတ့ဲ psychoနဲ့ပတ်သတ်တ့ဲ
အတိတ်အကြောင်းပြောရရင်တော့ တောင်ပုံ
ရာပုံလို အများကြီးပါပဲ.......။

ဘာလို့လဲဆိုတော့ သူနဲ့က အလယ်တန်းထဲက တစ်ခန်းထဲအတူတက်ခ့ဲတ့ဲ အတန်းဖော်ဟောင်းတွေ ဖြစ်ခ့ဲတာကိုး.....။

အဲဒီ့ထဲကမှ မှတ်မှတ်ရရ သူအနေနဲ့ပတ်ဆောင်းဟွန်ကို အတန်းထဲမှာ စတင်သတိထားမိလာတ့ဲ အဖြစ်အပျက်လေးကို ပြန်တွေးကြည့်ရမယ်ဆိုရင် သူတို့ အလယ်တန်းနှစ်က အဖြစ်အပျက် တစ်ခုပါပဲ.......။

အဖြစ်အပျက်အစမှာတော့........
သူတို့ကျောင်းကြီးအပေါ်ထပ်မှာ မီးတွေဟုန်းဟုန်းထလောင်တ့ဲ အချိန်ပဲဖြစ်တယ်။ဘာရယ်ကြောင့် လောင်တာမှန်းမသိခင် ကျောင်းသားတွေနဲ့ဆရာမတွေက လွတ်ရာကွင်းပြင်ကို ကြောက်အားလန့်အားနဲ့ ထပြေးကြတယ်။ရုတ်ရုတ်သဲသဲပါပဲ......။

" အားး....မီး မီး.....ပြေးကြ"

အ့ဲအချိန်.......ဂျယ်ယွန်းက ဘေးလွတ်ရာ ကွင်းပြင်အထိပြေးလာခ့ဲပြီးမှ အခန်းထဲမှာ
လွယ်အိတ်ကျန်နေခ့ဲသေးမှန်းသတိရသွားတာဖြစ်သည်။

Psycho Ex-Lover (Completed)Where stories live. Discover now