Our Love Story(10)

6.5K 603 13
                                    

Zawgyi
"Hoseok,ဘာပြောလိုက်တာ
ပြန်ပြောလိုက်စမ်း"

Jung Kookဒေါသတကြီးဖြင့်ပြန်မေးလိုက်လေသည်။

"အာာ မင်းကလဲကွာ ဘာထူးခြားတာရှိလို့လဲ
TaeTae hyungကိုseniorအကိုကြီးတွေက
ရည်းစားစာပေးတာကို အခုမှအဆန်းလုပ်နေတာလားKookieရယ်"

"ပေးအဲ့စာ ညနေကျရင်ကျောင်းအုပ်ကြီးရုံခန်းကို
ငါကိုယ်တိုင်သွားပို့ပြီးတိုင်ပစ်မယ်"

Hopeတစ်ယောက်စိတ်ပျက်လက်ပျက်နှင့်သာ
ပြန်ဖြေလိုက်လေသည်။Jung Kookလေး
တစ်ယောက်အရမ်းကိုဒေါသထွက်နေမည်ကို
သူ့အပြင်TaeTaeလေးတစ်ယောက်ပဲသိပေလိမ့်မည်။သူတို့နှစ်ယောက်တွဲနေသည်ကိုအခြားမည်
သူ့ကိုမျှပြန်မပြောရန်TaeTaeလေးကသေချာမှာထားသည်မို့။Kookieပြောလို့သိသွားရင်
ပြတ်ပြီတဲ့လေ~~~

ထို့ကြောင့်Kookieလေးတစ်ယောက်အတတ်နိုင်
ဆုံးစိတ်ကိုလျှော့ထားလိုက်ပြီး ထိုသို့စာများ
လာပေးခိုင်းသူကိုတိုင်ဖို့ရုံသာ တွေးလိုက်တော့
သည်။

"ငါနဲ့hyungက အတန်းကိုသွားကြတော့မှာ
မင်းနဲ့အရည်မရအဖတ်မရပြောနေဖို့အချိန်မရှိဘူး
သွားတော့မယ်။ လာhyungသွားကြမယ်"

ပြောရင်းနှင့်ပင်Taeလေးရဲ့လက်ကိုဆွဲကာ
စာသင်ခန်းရှိရာသို့ထွက်သွားလေတော့သည်။
TaeTae hyungလေးမှာလဲ
Hopeလေးအားလှည့်ကြည့်လှည့်ကြည့်နှင့်သာ
Kookieခေါ်ရာနောက်သို့ပါသွားလေတော့သည်။
ကျန်ရစ်ခဲ့သူhopeတစ်ယောက်မှာတော့
အံ့သြမှုများနှင့်သာ။

Taehyungလေးကိုမည်သူကရည်းစားစာပေး
ကြောင်းသူခါတိုင်းလဲပြောနေကျပင်။ပြောပြသည့်အခါတိုင်းအနားမှာရှိသည့်Jung Kookက
ဒေါသထွက်သည့်အရိပ်အယောင်ပြပေမယ့်လို့
ယခုကဲ့သို့တော့တစ်ခါမျှမပြုမူဖူးချေ။

အံ့သြနေရုံနှင့်မပြီးသေး။Jung Kookကသာ
ညနေကျကျောင်းအုပ်ရုံးခန်းကိုထိုစာတွေ
ပြပြီးတကယ်တိုင်လျှင် သူ့ကိုပါသိသွားခဲ့သည်ရှိ
သော်~~

Hopeတစ်ယောက်မည်သို့ဖြစ်လာမည်ကိုတွေး
ပင်မတွေးရဲတော့ချေ။
စာပေးသည့်သူများကတော့ စာအိတ်တွင်နာမည်
ရေးပေးလေ့မရှိကြ။မိသွားလျှင်ဆိုသည့်အသိနှင့်
ကြောက်ကြသည်မို့ စာအိတ်တွင်သူတို့သင်္ကေတ
လေးများကိုသာရေးပေးလေ့ရှိကြသည်။

💜Our Love Story💜(Completed)Where stories live. Discover now