အခန်း (၈)

8.9K 1K 30
                                    

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၈)

TRANSLATOR - NO CAUSE

--------------------

နန်းတော်တွင်းရောက်တော့ ရှင်ဘုရင်က မှူးမတ်များနှင့် ညီလာခံကျင်းပနေသည်။

မိဖုရားခေါင်ကြီး၊ ဖေ့ကျင်းနှင့် ရန်ရှီးနဉ်တို့မှာ တဲ့ဖန်းနန်းဆောင်၌ မင်းကြီးကြွအလာကို စောင့်နေရလေသည်။

မိဖုရားခေါင်ကြီးမှာ အသက် ၄၀ ခန့်ရှိပြီ ဖြစ်သော်လည်း နုနယ်ပျိုမြစ်သောအသွင်ကို ထိန်းထားနိုင်သဖြင့် ၃၀ ကျော်ခန့်အရွယ်သာ ထင်ရလေသည်။ မိဖုရားကြီးက အနုစိတ်ပန်းထိုးအလှဆင်ထားသော ပိုးသားဝတ်စုံကို ဆင်မြန်းထားပြီး ရှင်ဘုရင်ထိုင်ရာ ခုံဘေးက နေရာ၌ ထိုင်နေသည်။ သူမက ရန်ရှီနဉ်အား ခပ်ယဉ်ယဉ်ပြုံးပြလိုက်ပြီး ပြောလေသည်။

"ကလေးမကို တို့ပထမဆုံးတွေ့တုန်းက အချိန်ကို မှတ်မိသေးတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ၊ အဲ့တုန်းက မင်းလို အချောအလှလေးကို ဘယ်သူနဲ့ လက်ထပ်ပေးဖို့ သင့်တော်မယ်မှန်း တို့ မသိခဲ့ဘူး၊ မင်းကလေး နံပါတ်ကိုးနဲ့ အကြောင်းပါမယ်မှန်းသာ ကြိုသိလို့ကတော့ နံပါတ်ကိုးကို မြို့တော်မြန်မြန် ပြန်လာခိုင်းပါရဲ့"

မိဖုရားခေါင်ကြီး၏ အတုအယောင် အမွှန်းတင်စကားများက ရန်ရှီးနဉ်၏ စိတ်ထဲထိ မဝင်ခဲ့။ အရင်တုန်းက ရန်ရှီးနဉ် မိဖုရားခေါင်ကြီးနှင့် သိပ်မတွေ့ဆုံဖြစ်သော်လည်း မိဖုရားခေါင်ကြီးမှာ မင်းသမီးခန်းဟွာနှင့် ရန်ရှီးထင်အပေါ်သာ မျက်နှာသာပေးသည်ကို သူမ သိထားသည်။ မင်းသမီးခန်းဟွာက သူမကို မုန်းနေသည့်အတွက် မိဖုရားကြီးဘက်က သူမကို ချစ်စရာ အကြောင်းမရှိပေ။ ပြီးတော့ နန်းတော်တွင်းမှ မည်သူမဆို ဟန်ဆောင် မွှန်းတင်စကားများပြောလေ့ရှိရာ မိဖုရားခေါင်ကြီးလို အတော်ဝင်ဆုံးလူက ပို၍ပင် ပြောတတ်ပေလောက်သည်။

"မယ်တော်က မြှောက်ပင့်လွန်းနေတာပါ" ရန်ရှီးနဉ်က ပြန်ပြောလိုက်သည်။ "ကျွန်မကသာ နဝမမင်းသားနဲ့ လက်ထပ်ရတာအတွက် ဝမ်းမြောက်ဂုဏ်ယူမိရတာပါ"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now