About My Creation

5.1K 170 8
                                    

ဒီFicလေးကThe Truth Untoldကိုနားထောင်ရင်း
Ideaရသွားတာပါ

ပထမဆုံးThe Truth Untoldအကြောင်းပြောပြမယ်နော်

တစ်ခါကရဲတိုက်ကြီးတစ်ခုမှာ
အထီးကျန်ပြီးနေထိုင်တဲ့ကောင်လေးတစ်ယောက်ရှိတယ်
မွေးလာကတည်းကလူများရဲ့မုန်းတီးမှုတေပဲခံ ခဲ့ရတယ်

သူရဲ့နှလူံးသား ကိုပြသခွင့်မရှိပဲ
အထီးကျန်ကျန်နဲ့နေထိုင်ခဲ့ရတယ်

သူကအရမ်းလဲစိတ်တိုတတ်တယ်

သူ့ဘဝမှာပန်းတေစိုက်ရင်းပ၏အချိန်တေကုန်ဆုံးတယ်

ဒါပေမယ့် တစ်ရက်ကျခပ်စုတ်စုတ်ဝတ်ထားတဲ့
အမျိုးသမီးတစ်ဦးက ရဲတိုက်နားကိုလာခဲ့တယ်
ခြံစည်းရိုးကိုကျော်ပြီး သူမြတ်နိုးတဲ့ပန်းတေကိုခူးခဲ့တယ်
(ခိုးသွားတာပါ)

ပထမတော့သူစိတ်အရမ်းဆိုးသွားတာပေါ့
အဲ့ဒါကြောင့် ခြံကိုပတ်ပြီးကင်းစောင့်တော့တယ်
ဒါပေမယ့်သူ့အိပ်ပျော်သွားတော့ ကောင်မလေးက ခိုးသွားပြန်ရော

ခဏ ခဏဖြစ်လာတော့သူစောင့်
ကြည့်လိုက်တယ်

သူကိုယ်တိုင် သတိမထားမိပဲ သူထိုကောင်မလေးကိုမျှေိာနေမိသည်

တစ်ညကျ ထိုကောင်မလေးနောက်ကိုရုပ် ဖျက်ပြီးလိုက်သွားတယ်

အဲ့မှာတွေ့လိုက်ရတာက
ဆင်းရဲတဲ့အမျိုးသမီးအားသူ့စီကခိုးလာတဲ့ပန်းတေနဲ့ အသက်ရှင်ဖို့
ပန်းရောင်းနေရတယ်ဆိုတာပါပဲ

သူမကိုကူညီချင်ခဲ့တယ်
သူမကိုပန်းစိုက်ပျိုးနည်းတေပြောပြချင်ခဲ့တယ်
ပန်းတေကိုစိုက်ပေးချင်ခဲ့တယ်

ဒါပေမယ့် သူမရှေ့ကိုမသွားနိုင်ခဲ့ပါဘူး
သူရဲ့ဆိုးဝါးတဲ့ရုပ်ရည်ကို
သူမ မချစ်နိုင်ပဲကြောက်သွားမှာဟူ၍တွေးခဲ့တာပေါ့

သူလုပ်ပေးနိုင်တာက
ဒီကမ္ဘာမှာမရှိတဲ့ ပန်းတစ်မျိုးကိုသူမတွက်စိုက်ပေးမယ်
သူမကထိုပန်းကိုရောင်းရင်း
ပိုက်ဆံတေအများကြီးရမယ်ဟူ၍သာတွေးခဲ့သည်

သူကိုယ့်သူ ရဲတိုက်ထဲပိတ်လှောင်ပြီး
မရရအောင်ဖန်တီးခဲ့တယ်

နောက်ပြီး ဒီကမ္ဘာမှာမရှိတဲ့ပန်းတစ်မျိုးကို သူဖန်တီးပြီး တစ်ခြံလုံးဝေဆာစေခဲ့တယ်

ဒါပေမယ့် ထိုမိန်းကလေးကို သူထပ်မတွေ့ရတော့ပါဘူး
သူ့စီကိုလည်းထပ်မလာခဲ့တော့ပါဘူး

သူသိပ်ကိုစိုးရိမ်ပြီးရွာထဲသွားရှာတော့
သူမကဆုံးပါးသွားခဲ့တယ်တဲ့။

နောက်ဆုံးကျတော့
သူမအားစောင့်ရင်း စောင့်ရင်း
သူလဲအသက်မရှိတော့ဘူး။

သူ စိုက် ခဲ့ တဲ့ပန်းက
SMERALDOတဲ့

အဲ့ပန်းလေးရဲ့ အဓိပ္ပါယ်ကတော့The Truth Untoldမပြောခဲ့တဲ့အမှန်တရားပါ။

Googleကနေခက်ခက်ခဲခဲရှာထားရတာလေးတေပါ

ဒီFic Plotအရကတော့SEပါ
ဒါပေမယ့် မသေချာသေးပါဘူးနော်

ဒီstoryကိုအခြေခံပြီးFicပြန်ပြင်ရေးထားဖြစ်တဲ့တွက်
ပြောင်းထားပါတယ်နော်

ဖတ်ပေးကြပါဦးနော်

SMERALDO -COMPLETE-Where stories live. Discover now