My Three Angels Part 2

349 15 0
                                    

At both side
chaeye-နင်အဆင်ပြေရဲ့လား?
chaeyeသူမကိုစူးစူးရဲရဲလေးစိုက်ကြည့်နေတဲ့ကောင်မလေးကိုမေးလိုက်တယ်
sana chaeyeမေးလိုက်တော့မှသတိဝင်လာပြီးမျက်ရည်တွေသုတ်လိုက်ကာချက်ချင်းထရပ်လိုက်တယ်
sana- omm အဆင်ပြေပါတယ် miyanae saမမြင်လိုက်လို့ပါ
သူမကိုတောင်းပန်နေတဲ့သူ့ကိုchaeyeတစ်ချက်ကြည့် လိုက်ပြီး
chaeye-နောက်ဆိုသတိထားပါ နင်တိုက်မိတာလူဖြစ်နေလို့ပေါ့ ကားသာဆိုမလွယ်ဘူး
chaeyeလေသံမာမာနဲ့ပြောလိုက်တာကြောင့ိုကောင်မလေးရဲ့ခန္ဓာကိုယ်တချက်တုန်သွားပြီး
sana- miyanae ဘယ်သွားမလို့လဲဟင် ကျောင်းသူသစ်နဲ့တူတယ်  saလိုက်ပို့ပေးမယ်လေ
sanaအားတင်းပြီးချစ်စရာကောင်းတဲ့အပြုံးလေးနဲ့ပြောလိုက်တယ်
chaeye - မလိုပါဘူး ရတယ် နင့်ဘာသာနင်ဂရုစိုက် ငါနင့်အကူအညီမလိုဘူး
chaeyeပြောပြီးအထုတ်တွေပြန်ကောက်ကာသူမနေရမယ့်အခန်းဆီဆက်လျှောက်သွားတယ် sanaကတော့မတ်တပ်လေးရပ်ကာပါးစပ်ကပွစိပွစိပြောရင်းကျန်ခဲ့တယ်
sana- သူပုံစံကတမျိုးပဲ ချေလိုက်တာ ဒါပေမယ့်သူ့မျက်လုံးလေးတွေကအရမ်းလှတာပဲမာနကြီးပြီးခက်ထန်နေတဲ့သူ့မျက်နှာနဲ့တောင်မလိုက်ဘူး ငါမှားတာမှန်ပေမယ့်တောင်းပန်တာတောင်ခွင့်လွှတ်တယ်လို့မပြောသွားဘူး အချေမလေးရေနင်ကဘယ်လိုလူမျိုးလဲဆိုတာငါအရမ်းသိချင်နေပြီ
At chaeye side
အခန်းနံပါတ်702ကိုသူမရှာတွေ့သွားတယ် တံခါးကသော့မခတ်ထားလို့သူမအထဲကိုဝင်လာခဲ့တယ် အခန်းလေးကရိုးရှင်းတယ် အခန်းထဲမှာကုတင်လေးသုံးလုံးထည့်ထားတယ် ရေချိုးခန်းနဲ့အိမ်သာကတခုစီပဲရှိတော့မျှသုံးရမယ်ထင်တယ် chaeyeကုတင်တွေဆီကြည့်လိုက်တော့တံခါးနားကကုတင်နဲ့အလယ်ကုတင်ကအထုတ်တွေနဲ့ပစ္စည်းအချို့ရှိနေတော့"လူရှိနေမှာပဲ"ဆိုပြီးအစွန်ဆုံးကကုတင်ပေါ်ကိုသူမအထုတ်တွေတင်လိုက်တယ် ခေါင်းအုံးတွေကအဆင်သင့်ရှိပြီးသားဆိုတော့သူမအိပ်ရာပေါ်လှဲကာအနားယူလိုက်တယ်
chaeye-Huu !ကျောင်းကိုတော့ရောက်ပြီနောက်ဆိုဒီကလူတွေနဲ့တရင်းတနှီးဆက်ဆံရတော့မှာပါလား ငါနဲ့တခန်းထဲနေမယ့်သူတွေကဘယ်လိုလူမျိုးတွေပါလိမ့် ဆိုးသွမ်းတဲ့သူတွေဆိုရင်တော့ဒုက္ခပဲ ငါကျောင်းကိုလာတာappaကလိုက်တောင်မပို့ဘူး အေးလေ ommaမရှိတော့ကတည်းကငါ့ဘဝမှာappaဆိုတာလဲမရှိတော့ဘူး
chaeyaတယောက်တည်းစကားတွေပြောနေပြီးအတိတ်အကြောင်းတွေကိုတွေးနေမိတယ်
Flasbback start
chaeye10နှစ်အရွယ်မှာmrs kimနှလုံးရောဂါစတင်ခံစားလာရတယ် mrs kimနေမကောင်းဖြစ်တဲ့နောက်ပိုင်းmr kimကအလုပ်မှာပဲအာရုံစိုက်နေတယ်mrs kmအနားမှာမနေပေးတော့ဘူး mrs kimကိုchaeyeနဲ့ maidတွေကသာပြုစုနေရတာပေါ့ တနေ့ကျတော့mrs kimရောဂါဖောက်လာတယ်  chaeyeဆရာဝန်ခေါ်ပေးခဲ့ပေမယ့်ဆရာဝန်ကစမ်းသပ် ပြီးခေါင်းရမ်းပြလိုက်တော့သူမအမေရဲ့နောက်ဆုံးအချိန်မှန်းchaeyeသိလိုက်တယ် chaeye mr kimဆီဖုန်းဆက်ပေမယ့်ဖုန်းမကိုင်ဘူး chaeye mmrs kimရဲ့ဘေးမှာထိုင်ကာmrs kimရဲ့လက်ကိုကိုင်ပြီးငိုနေမိတယ် mrs kimကchaeyeကိုကြည့်လိုက်ပြီး                     mrs kim- chae သမီးလေး မငိုပါနဲ့သမီးလေးရယ် ommaအဆင်ပြေသွားမှာပါ
chaeye- ဘာကိုအဆင်ပြေမှာလဲ omma စကားတွေအများကြီးမပြောနဲ့နော် ommaမောနေမယ်
chaeတောင်းပန်ပါတယ်ommaရယ် chaeကိုမထားခဲ့ပါနဲ့နော်
chae's omma- သမီးလေး ommaမရှိတော့ရင်သမီးလေးကိုသမီးလေးappaကစောင့်ရှောက်ပေးမှာပါသူကသမီးလေးကိုသိပ်ချစ်တာ သမီးလေးommmaမရှိတော့ရင်လိမ်လိမ်မာမာနေနော် ommaသမီးဘေးနားမှာအကြာကြီးရှိမပေးနိုင်ခဲ့လို့omma တောင်းပန်ပါတယ်နော် သမီးရဲ့appa ကိုommaနှုတ်ဆက်ခဲ့တယ်လို့ပြောပေးနော် သမီးလေးကိုommaကကောင်းကင်ပေါ်ကစောင့်ကြည့်နေမယ်နော် omma chaeလေးကိုအရမ်းချစ်တယ်နော်
mrs kimပြောရင်းနဲ့chaeyeလက်ထဲမှာပဲသေဆုံးသွားခဲ့တယ် ခဏကြာတော့mr kimပြန်ရောက်လာတယ် mrskimကိုတွေ့တော့chaeyeဘက်ထဲကနေဆွဲယူပြီးငိုခဲ့တယ် chaeye mr kimကိုစူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး
chaeye- appaဘာလို့ငိုနေတာလဲ appaမငိုနဲ့ommaရဲ့သေဆုံးမှုအတွက်appaငိုဖို့မတန်ဘူး appaကြောင့်ommaသေရတာ chae appaကိုဖုန်းဆက်ခဲ့ပေမယ့်appaဖုန်းမကိုင်ဘူး appaအလုပ်ကommaထက်အရေးကြီးနေတာလား appaကိုchaeမုန်းတယ်
chaeye mr kmကိုဒေါသတကြီးအော်နေမိတယ် Mr kim chaeyeကိုမျက်ရည်တွေနဲ့ကြည့်လိုက်ပြီး
mr kim-မဟုတ်ပါဘူးchaeလေးရယ် appa…appa…အစည်းအဝေးခန်းထဲ…ရောက်နေလို့ပါ သမီးommaကိုလျစ်လျူရှုထားတာမဟုတ်ပါဘူးmr kimကရှင်းပြရင်းchaeyeကိုဖက်ဖို့ကြိုးစားပေမယ့်chaeyeအခန်းထဲကနေထွက်ပြေးသွားပြီးသူမအခန်းထဲကကုတင်ပေါ်မှာငိုနေခဲ့တယ် အဲ့နေ့ကစပြီးအရမ်းလိမ်မာခဲ့တဲ့chaeye ဟာMr kimကိုအရွဲ့တိုက်ရင်းဆိုးသွမ်းတဲ့ကလေးတယောက်ဖြစ်လာခဲ့တယ် mr kim မကြိုက်တာတွေကိုပဲရွေးလုပ်တယ်ဘယ်သူနဲ့မှစကားမပြောပဲအေးစက်စက်မာကြောကြောနဲ့သူမနေထိုင်ခဲ့တယ်  သူမမျက်နှာကအပြုံးတွေကလည်းmrs lkimဆုံးတဲ့နေ့ကစပြီးသူမမျက်နှာပေါ်မှာမမြင်ခဲ့ရတော့
flashback end
chaeyeတွေးနေရင်းမျက်ဝန်းမှထွက်လာခဲ့တဲ့မျက်ရည်တွေကိုလက်ခုံနဲ့ခပ်ကြမ်းကြမ်းသုတ်လိုက်တယ်
chaeye-omma chae ommaပြောသလိုမနေနိုင်ခဲ့လို့တောင်းပန်ပါတယ် chae appaကိုမုန်းလို့appaမကြိုက်တဲ့ဒီပုံစံအတိုင်းchae ဆက်နေပါရစေ chaeကိုခွင့်လွှတ်ပါနော်
chaeyeငိုနေရင်းနဲ့ပင်ပန်းလာလို့အိပ်ပျော်သွားတယ်
Time skip
chaeyeနားထဲကိုတိုးဝင်လာတဲ့သီချင်းသံတွေကြောင့်လန့်နိုးလာတယ် သူမဘေးကိုကြည့်လိုက်တော့သူမဘေးကကုတင်ပေါ်မှာsoundboxလေးတခု  chaeyeစိတ်ဆိုးဆိုးနဲ့ကုတင်ပေါ်ကဆင်းကာsoundboxလေးကိုယူပြီးလွှင့်ပစ်မယ်ကြံတုန်း
Girl- ဟေ့ ဟေ့ အဲ့ဒါဘာလုပ်တာလဲ သူမအနောက်ကအသံကြောင့်chaeyeလှည့်ကြည့်လိုက်တယ်
ထိုကောင်မလေးကchaeyeဆီလျှောက်လာပြီး
Girl- နင်အခုဘာလုပ်ဖို့ကြံနေတာလဲ
chaeye-နင်ကဘယ်သူလဲ ဒါကနင့်ဟာလား
Girl- maja ငါ့ပစ္စည်းကိုဘာလုပ်မလို့လဲ
chaeye-လွှင့်ပစ်မလို့လေနားငြီးလို့
Girlကသူ့ဟာကိုလွှင့်ပစ်မယ်ဆိုတော့ဒေါသထွကိသွားပြီး chaeyeလက်ထဲကsoundboxလေးကိုယူလိုက်ကာ
Girl- yarr!သူများပစ္စည်းကိုလွှင့်ပစ်လို့ရမလား
chaeye- မလွှင့်ပစ်စေချင်ရင်လဲသိမ်းထားပေါ့နင့်ပစ္စည်းကနားငြီးတယ် ငါအိပ်ရတာအနှောင့်အယှက်ဖြစ်တယ်
Girl- yarr!နင့်လေသံကမာလှချည်လား ဒါငါနေ့တိုင်းလုပ်နေကျအလုပ် ငါဘာသာနားထောင်တာနင့်ခွင့်ပြုချက်ယူနေရမှာလား
chaeye သူမကိုဘုဆတ်ဆတ်နဲံပြောနေတဲ့ကောင်မလေးကိုစိတ်ပျက်သလိုကြည့်လိုက်တယ် Girlကစိတ်လျော့လိုက်သလိုလေတစ်ချက်မှုတ်ထုတ်လိုက်ပြီး
Girl- ကဲပါ ငါဒီနေ့စိတ်ကြည်နေတာမို့နင်သက်သာသွားတယ်မှတ် ငါ့နာမည်ကson chaeyoung ဒီအခန်းမှာနင်ငါတို့နဲ့တူတူနေရမှာ နောက်တယောက်ကတော့ခဏနေလာလိမ့်မယ် ပြီးတော့ငါကကျောင်းအုပ်ရဲ့သမီး နင့်နာမည်ကရော
chaeye သူ့ကိုသူဆရာကြီးစတိုင်လ်နဲ့မိတ်ဆက်နေတဲ့ကောင်မလေးကိုသေချာကြည့်လိုက်တယ်
ု ဆံပင်အဝါရောင်လေးနဲ့ ပုပုသေးသေးကောင်မလေးကကျောင်းအုပ်သမီးဆိုတော့သူမနည်းနည်းရီချင်သွားတယ် ဘာလို့လဲဆိုတော့သူမတွေ့ခဲ့တဲ့ကျောင်းအုပ်ကအရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနဲ့မို့လို့ပါ ဒါပေမယ့်chaeyeရီချင်စိတ်ကိုပြန်ထိန်းလိုက်ပြီး
chaeye- ငါ့နာမည်ကkim chaeyeပါ
chaeyoung -wow! နင်ကappaပြောတဲ့တယောက်ပဲ နင့်အဖေကအရမ်းချမ်းသာတယ်ဆို ငါနင့်ကိုအရမ်းအားကျတာပဲ နင်ငါနဲ့သူငယ်ချင်းလုပ်မလား
chaeyoung စကားကြောင့်ပြုံးစိစိဖြစ်နေတဲ့chaeyeမျက်နှာရုတ်တရက်တင်းမာသွားပြီး
chaeye- နင်ငါ့ကိုအားကျစရာဘာမှမရှိဘူး ပြီးတော့ငါနင်နဲ့လဲသူငယ်ချင်းမလုပ်ချင်ဘူး တယောက်ထဲပဲနေချင်တာ
chaeyeလေသံမာမာနဲ့ခပ်ပြတ်ပြတ်ပြောပြီးရေချိုးခန်းထဲ ဝင်သွားတယ်
chaeyoung-ဘာလဲဟ ငါအခုအချေခံလိုက်ရတာလား သူကအရမ်းချမ်းသာတယ်ဆိုပြီးဘဝင်မြင့်နေတာပဲ မုန်းဖို့ကောင်းလိုက်တာ chaeyoungတယောက်တည်းပွစိပွစိပြောပြီးကုတင်ပေါ်မှာထိုင်ကာစာအုပ်ဖတ်နေလိုက်တယ် chaeyeလဲရေချိုးပြီးတော့အဝတ်အစားလဲပြီးကုတင်ပေါ်မှာထိုင်ကာဂိမ်းဆော့နေတယ်
At 8:00pm
chaeyeတို့အခန်းလေးဟာတိတ်ဆိတ်နေတယ် chaeyeကဂိမ်းဆော့နေပြီးchaeyoungကတော့ပုံဆွဲနေတယ် ခဏကြာတော့chaeyeတို့အခန်းထဲကိုကောင်မလေးတစ်ယောက်ဝင်လာတယ်
chaeyoungကကောင်မလေးကိုတွေ့တော့
chaeyoung- hey sana!နင်ကလဲဘယ်တွေလျှောက်သွားနေတာလဲ မှောင်တောင်မှောင်နေပြီ
sanaအခန်းထဲရောက်သည့်အချိန်ထိchaeyeကိုမတွေ့သေး
sana- စာကြည့်တိုက်သွားနေလို့ပါchaeyoungရဲ့ hehe
chaeyoung whisper -ငါတို့ဆီမှာကျောင်းသူသစ်ရောက်နေတယ် နင့်ဘာသာသွားမိတ်ဆက်လိုက်တော့ငါတော့သူနဲ့ရန်ဖြစ်ထားတယ်သူကအချေလေးဟ မာနကလဲကြီးသေး ငါနဲ့တော့ဖြစ်မှာမဟုတ်ဘူး
sana chaeyoungစကားကြောင့်ပြုံးလိုက်ပြီးသူမကုတင်ရဲ့ဘေးကကုတင်မှာဂိမ်းဆော့နေတဲ့ကောင်မလေးကိုလှမ်းကြည့်လိုက်တယ် ခေါင်းငုံ့ပြီးဂိမ်းဆော့နေတာဆိုတော့မျက်နှာကိုသေချာမမြင်ရ sanaထိုကောင်မလေးဆီလျှောက်သွားပြီး
sana- annyoung ငါ့နာမည်ကsanaပါ တခန်းထဲအတူတူနေရမယ်ဆိုတော့မိတ်ဆက်ထားသင့်တယ်ထင်လို့ပါ နင့်နာမည်ကရော
chaeyeသူမကိုလာမိတ်ဆက်နေတဲ့ကောင်မလေးကိုမော့ကြည့်လိုက်တယ်
sana - ဟင် နင် ဟိုတယောက်
chaeye- aww ဟိုရှပ်ပြာရှပ်ပြာနဲ့တယောက်ပဲ  ငါ့နာမည်ကkim chaeyeပါ
chaeyeပုံမှန်အတိုင်းပြောလိုက်ပေမယ့်နဂိုထဲကသူမအသံကအေးစက်စက်မို့sanaလန့်ပြီးအနောက်ကိုခြေနှစ်လှမ်း ဆုတ်လိုက်တယ်
chaeye sanaကိုမြင်တော့အံ့သြသွားပေမယ့်သူမကိုsanaကြောက်နေတာကိုရိပ်မိလိုက်တာကြောင့်ဆော့လက်စဂိမ်းကိုရပ်လိုက်ပြီး
chaeye-အဲ့လောက်လဲကြောက်မနေပါနဲ့ ငါနင့်ကိုကိုက်မစားပါဘူး
sana-naeအကူအညီလိုရင်ပြောနော် ကျောင်းကမနက်ဖြန်မှစတက်ရမှာဆိုတော့ဒီနေ့စောစောအိပ်လိုက်ပါနော်
sanaပြောပြီးသူမကုတင်ပေါ်အမြန်တက်ကာchaeyeကိုကျောပေးပြီးလှဲအိပ်လိုက်တယ်  chaeyeသူမကိုပြောချင်တာပြောပြီးသူမကိုကျောပေးကာလှဲနေတဲ့ကောင်မလေးကိုကြည့်ရင်းသူမကိုယ်တိုင်တောင်မသိဘဲပြုံးလိုက်မိတယ် ခဏနေတော့သူမလည်းအိပ်ပျော်သွားခဲ့တယ်
At sana side
sanaဒီနေ့နေရထိုင်ရတာအဆင်မပြေ သူမစိတ်ကဝင်တိုက်မိတဲ့အချေကောင်မလေးဆီပဲရောက်နေမိတယ် စာကြည့်တိုက်မှာစာဖတ်ပြန်တော့လဲသူမမျက်နှာလေးကစာအုပ်မှာပေါ်လာတယ်
sana's mind- bora ဘာလို့သူ့မျက်နှာပဲမြင်နေရတာလဲ အချေလေးရေ ငါနင်နဲ့ထပ်တွေ့ချင်လိုက်တာ
sana စာမဖတ်ချင်တော့တာနဲ့အဆောင်ကိုပြန်လာခဲ့တယ် အဆောင်ရောက်ရောက်ချင်းchaeyoungကကျောင်းသူသစ်ရောက်နေတယ်ဆိုလို့ chaeyoungပြောတဲ့ကျောင်းသူသစ်ဆီသွားပြီးသူမကိုယ်သူမမိတ်ဆက်လိုက်တယ် သူမကျောင်းသူသစ်ရဲ့မျက်နှာကိုတွေ့တော့အံ့သြသွားတယ် တနေ့လုံးသူမစိတ်ထဲစိုးမိုးနေတဲ့သူမရဲ့အချေလေးဖြစ်နေလို့လေ သူမလေးကsanaကိုမှတ်မိနေတော့sanaပျော်သွားတယ် သူ့နာမည်ကkim chaeyeတဲ့ ချစ်စရာလေး သူမနာမည်ကိုသိလိုက်ရပေမယ့်သူမအသံကအေးစက်စက်မို့sanaလန့်ပြီးအနောက်ကိုဆုတ်လိုက်တယ်သူမလေးက "အဲ့လောက်လဲကြောက်မနေပါနဲ့ ငါနင့်ကိုကိုက်မစားပါဘူး"လို့ထပ်ပြောတယ်သူမလေးကsanaကြောက်နေတာကိုသိတဲ့ပုံပဲ sanaသူ့ကိုစောစောအိပ်ဖို့ပြောပြီးကုတင်ဆီပြေးလာခဲ့တယ်  သူမလေးစကားပြောရင်sanaကိုပုံမှန်သာကြည့်ပြီးပြောနေပေမယ့်ပုံမှန်ထက်စူးရှပြီးလှပတဲ့သူမရဲ့မျက်ဝန်းနက်လေးတွေကိုကြည့်မိတိုင်းsanaရင်ခုန်သံတွေဆူညံနေမိတယ် ရင်ခုန်တိုင်းချစ်နေတာဆိုရင်သူမလေးကိုsanaချစ်နေမိပါပြီ ဘေးဘက်ကိုလှည့်ကာသူမလေးကိုခိုးကြည့်လိုက်တော့သူမလေးကအိပ်တောင်ပျော်နေပြီ sanaခံစားရသလိုသူမလေးကရောခံစားမိပါ့မလား sanaသူမလေးကိုကြည့်ကာတချက်ပြုံးလိုက်ပြီးသူမလဲတ ခြားတစ်ဖက်သို့လှည့်ကာမျက်လုံးလေးမှိတ်ထားရင်းအိပ်ပျော်သွားခဲ့တယ်

ကဲ part 2လေuးpdateလိုက်ပြီးကြိုက်ကြရဲ့လားonceလေးတွေ
ဖတ်တဲ့သူတွေအနဲငယ်ရှိတော့ကျေနပ်ပါတယ် အရှည်ကြီးdateပေးလိုက်တယ်နော် အမှားပါရင်ခွင့်လွှတ်ပါ
saranghee

My Three AngelsWhere stories live. Discover now