Umbrella~

4.5K 513 23
                                    

ZAWGYI

Tae Hyung P.OV

ဒီ​နေ့အရမ်းအိပ်​လို့​ကောင်းတာပဲ ညက အိပ်​ယာဝင်​တာ
နောက်​ကျလို့လား​တော့မသိ...အခုထိအိပ်​ယာမထနိုင်
သေးဘူး ​စောင်​ကိုလုံ​နေ​အောင်​ထပ်​ခြုံလိုက်​ပြီး ​ကောင်း
ကောင်း အိပ်​​နေလိုက်​သည်​...ဒီခံစားမှုကဘာနဲ့မှမလဲနိုင်
အောင်​ Feeling So Goodပဲ....

သို့​သော်​ နတ်​ပြည်​​ရောက်​​နေသည့်​အလား ဒီခံစားချက်​ကို
ဖျက်​ဆီးလိုက်​​သော ဖုန်းမြည်​သံ​ကြောင့်​ ​ခေါင်းအုံးကိုနားတွင်
ဖိကာ ဆူညံသံကို​ဖျောက်​ပစ်​လိုက်​သည်​...

မကိုင်​မချင်းလာ​သောဖုန်းသံ​ကြောင့်​ ကြည့်​လိုက်​​တော့လည်းဖုန်းနံပါတ်​ကUnknown numberကြီးမို့ စိတ်​တိုတို
နဲ့ ကောက်​ကိုင်​လိုက်​သည်​...

"yawbosayo.."

တစ်​ဖက်​ကတုံ့ပြန်​သံမကြားဘဲ ဖုန်းချသွားသည်​...​အေး​ရော..
ဒါ​နောက်​စရာမဟုတ်​ဘူး...အလကားသက်​သက်​ မနက်​​စော
စောစီးစီး စိတ်​တို​အောင်​လာလုပ်​​နေတယ်​....

ထို့​ကြောင့်​ ​စောင်​ခြုံပြီး 10မိနစ်​​လောက်​ထပ်​​ကွေး​နေ​တော့
ထပ်​မြည်​လာတဲ့ ဖုန်းအသံ...ခုနကဖုန်းနံပါတ်​ပဲ ဒီလူကိုင်
တော့လည်းမ​ဖြေဘူး ဒီတစ်​ခါကိုင်​လို့မှမ​ဖြေရင်​​ကောင်း
ကောင်းကြီး ဆဲပစ်​ဦးမယ်​ ဆိုပြီးစိတ်​ထဲ​ကျိန်​ဆဲလိုက်​ကာ
ဖုန်းကိုင်​လိုက်​သည်​...

"ဘာလဲ ​ပြော..."

ခုနကလိုအိပ်​ချင်​မူးတူးအသံမဟုတ်​​တော့ဘဲ ​လေသံက
နည်းနည်းမာသွားသည်​...

"ဟိတ်​ ​ကောင်​!ဘယ်​သူမှန်းမသိပင်​မဲ့ ဖုန်းဆက်​ပြီးရင်
စကား​လေး​တော့​ပြော...ဒါ​နောက်​စရာမဟုတ်​ဘူး​နော်
ငါ့ရဲ့လှပတဲ့နံနက်​ခင်းအချိန်​မှာ​ဒေါသထွက်​တာမ​ကောင်းဘူး
ဒါ ငါ့အချိန်​​တွေလည်းကိုထိခိုက်​တယ်​ ...."

ပြော​နေရင်း မျက်​လုံးကနာရီ​ကို​ရောက်​သွား​သည်​...
8:40ဆိုတဲ့အရာကိုမြင်​လိုက်​ရတာ​ကြောင့်​ မပွင့်​တဲ့မျက်​လုံး
ကအခုမှပြူးလျက်​သားဖြစ်​ကာ တစ်​ဖက်​ကဖုန်း​ပြောသံလည်း
မကြားတာ​ကြောင့်​လည်းဖုန်းချပစ်​လိုက်​ရ​တော့သည်​...

Stalker~[Taekook]Where stories live. Discover now