LMBF(27)

7.8K 621 35
                                    

'ငါ့ကို အမှန်တိုင်းပြော လွန်းငယ်!မင်း Bခန်းကကောင်မလေးကိုကြိုက်နေတယ်ဆိုတာ တကယ်လား'

'မဟုတ်ပါဘူးကိုရှင်းရာ ငါဘယ်သူ့ကိုမှမကြိုက်ဘူး'

'ဒါဆို မင်းဘာလို့ အဲ့ကောင်မလေးကိုရည်းစားစာပေးရတာလဲ'

'ဟမ်!ငါရည်းစားစာမပေးမိပါဘူး မင်းကိုဘယ်သူပြောလဲ'

'သူတို့အခန်းထဲကကောင်မလေးတွေပြောတာလေ မင်းကမနက်အစောကြီး အဲ့ကောင်မလေးကျောင်းမသွားခင် စာလာပေးသွားတာဆို'

မျက်မှောင်လေးကြုတ်ကာ စူပုတ်ပုတ်နဲ့ပြောနေတဲ့ရှင်းသည် အစာမစားရလို့စိတ်ဆိုးနေတဲ့ငှက်ပေါက်လေးလိုပဲ ချစ်စရာလေးဖြစ်နေလေသည်

'ဪ အဲ့ဒါလား'

'တွေ့လား မင်းသူ့ကိုစာပေးခဲ့တယ်မလား'

'အင်း ပေးခဲ့တယ်လေ'

'ဘာ!ပေးခဲ့တယ် ဟုတ်လား စကားကိုအဲ့လိုခုတစ်မျိုးတော်ကြာတစ်မျိုးပြောရလား ငါဒေါသထွက်လာပြီ'

'အာ နေ နေပါဦးကိုရှင်းရာ စကားကိုဆုံးအောင်နားထောင်ပါဦးဟ သူ့ကိုငါစာပေးတယ်ဆိုတာ ခွင့်စာ မင်းထင်နေသလိုရည်းစားစာမဟုတ်ဘူး'

'ခွင့်စာ!အဲ့ဒါဆိုလည်း ငါ့အိမ်လာပေးပါလား မင်းကအမေကျော်ပြီးဒွေးတော်ဆီသွားတယ်ပေါ့'

'ခက်ပါရော အဲ့နေ့ကမင်းကောငါကော ကျောင်းမတက်ဘူးလေ အရူးရဲ့ ပြီးတော့ခွင့်စာကငါ့ဖို့မဟုတ်ဘူး မင်းကိုအတန်းပျက်လွန်းလို့ဆရာမကဆူနေတာ အဲ့ဒါကြောင့်ငါကသူနဲ့လည်းကျောင်းကားတူတာပဲဆိုပြီး အကူအညီတောင်းလိုက်တာ ကဲ ရပြီလား'

'အဲ့လိုအစတည်းကပြောပါလား ငါကသိမလား'

'မင်းကရှင်းတောင်မရှင်းပြရသေးဘဲ ရန်ရှာနေပြီး'

'ငါ ငါက ဘယ်မှာရန်ရှာလို့လဲ မင်းမဖြစ်သင့်တာဖြစ်မှာစိုးလို့ ငါကစိတ်ပူလို့ စေတနာနဲ့'

ရုတ်တရက်ကြီး ပူတက်လာသလိုခံစားရတာကြောင့် သူ့ကိုကြည့်နေတဲ့လွန်းငယ်ဆီကအကြည့်ဖယ်ကာ ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်မိသည်

'ဪ ငါ့ကိုစိတ်ပူတယ်ပေါ့ ဘာလဲ ငါရည်းစားရသွားပြီး မင်းကိုပစ်ထားမှာစိုးလို့မဟုတ်လား'

『Loving My Best Friend』Donde viven las historias. Descúbrelo ahora