နောက်နေ့မနက် ကျောင်းတွင်
" ဟဲ့ ကျောင်းသားအသစ်ရောက်တယ်ဆို ? ချောတယ်တဲ့ "
" ဟဲ့ သူ့နာမည်သိလား ? "
"Choi Soobin ဆိုလား ပဲ "
Bell ring 🔔🔔
" yeonjun ရေ ဆရာမ ကို ကျောင်းဆင်းခါနီး ဘေးအခန်းက ကျောင်းသားသစ်ဆီမှာ ကိုယ်ရေးကိုယ်တာ မှတ်တမ်းသွားတောင်းပေးစမ်း သူ့အတန်းပိုင်ဖျားနေလို့ "
ဆရာမကအတန်းဝင်ဝင်ချင်းခေါင်းတောင်မမော့ရှာဘူး ။
" ချယ် choi yeonjun ကျောင်းမလာဘူး "
မီရယ် မှ ထ၍ ပြောလိုက်သည် ။" ဒါဆို မီရယ်သွားလိုက်နော် "
"ချယ်သမီးလည်း နေ့တစ်ဝက်ပြန်ရမယ်ချယ် အိမ်မှာကိစ္စလေးတွေရှိလို့ "
"ဟယ် နင်တို့ကလည်း စာမေးပွဲကနီးနေပြီနော် ။ ဒါဆို beomgyu သားလေးသွားတောင်းပေးနော် "
"ဟုတ်ချယ်ရပါတယ် "
နေ့လည်ထမင်းစားချိန် တွင်...
"Beom ငါ ပြန်ပြီနော် နင်တစ်ယောက်ထည်းကျောင်းဆင်းလို့ဖြစ်တယ် ဟုတ်"
"အေးရတယ် နင်ပြန်လိုက်တော့ "
"အော် ဒါနဲ့ yeonjun က ဘာလို့ကျောင်းမလာတာလည်း "
"မသိပါဘူး သူ့အမေပြောတော့ နေမကောင်းဘူးလို့ပြောတာပဲ ။ ငါသွားပြီးနော် annyoung "
" umm annyoung "
_____
ထမင်းစားခန်းတွင် choi beomgyu တစ်ယောက်ထည်း ထိုင်စားနေစဉ်
"အဟမ်းဟမ်း ကျွန်တော် ဒီမှာထိုင်လို့ရလား
မသိဘူး "Beomgyuခေါင်းမော့တဲ့အချိန်တွင်..
" ဟ choi soobin !နင်မဟုတ်လား "
"အေး ငါပဲဟ"
"နင်ဒီကျောင်းမှာရှိနေတာ ငါတောင်မသိပါလား "
" ငါဒီနေ့မှပြောင်းလာတာကွ "
" ဒါဆို ဆရာမ ပြောတဲ့ကျောင်းသားသစ်ဆိုတာ နင်ဖြစ်မယ် ။ ငါ့ကို နင့်ကိုယ်ရေးကိုယ်တာ စာရွက်ပေးခဲ့ ငါ့အတန်းပိုင်တောင်းလို့ "
" ok လေ ပေးမယ် ။ ဒါနဲ့ ငါဒီကျောင်းပြောင်းလာတဲ့အကြောင်းပြချက်နင်မသိချင်ဘူးလား ? "
![](https://img.wattpad.com/cover/182494072-288-k270335.jpg)