"Honey ''
" ဟင် ''
" ချစ်တယ်..မွ ''
နက်ခ်တိုင် ချည်ပေးနေတုန်း ခေါ်၍ မော့ကြည့်မိတော့ ချစ်တယ်ဟုဆိုကာ ကိုယ့်နှုတ်ခမ်းပေါ် ခပ်ဖွဖွ ကျလာသော အနမ်းတစ်ပွင့်ကြောင့် ကိုယ်ဟာပြုံးမိပြန်ပြီ ။
" ချစ်တယ်လို့ Honey ''
" အွန်း သိတယ်လေ ''
" ပြန်ပြောလေကွာ ချစ်တယ်လို့ ''
ကလေးဆန်စွာပြောလာသော မောင့်ကြောင့် သူပြုံးလိုက်မိပြန်သည် ။ ထို့နောက် နက်ခ်တိုင် စည်းပေးခြင်းကိုလက်စသတ်လိုက်ပြီးနောက် ခြေဖျားလေးထောက်ကာ မောင့်လည်တိုင်တွေကိုဖက်တွယ်လိုက်ရင်း ချစ်စကားအား ခပ်တိုးတိုးဖွင့်ဟမိသည် ။
" ချစ်တယ် မောင် ''
" မောင် က ပိုတယ် ''
" အင်း မောင်ကပဲ ပိုချစ်ပေး ''
" ချစ်တယ် အများကြီးချစ်တယ် ''
မောင်က သူ့ပါးနှစ်ဖက်အား ဆွဲညစ်ကာ ပြုံးရင်း တဖွဖွပြောလာပြန်သည် ။
ဒီနေ့အတွက် မောင် စိတ်လှုပ်ရှားနေမှန်း သူသိပါသည် ။ မောင်အနေမခက်စေရန် သူအတတ်နိုင်ဆုံးကြိုးစားထားပေမဲ့ တကယ်တမ်း မျက်မြင်ကိုယ်တွေ့ မျက်နှာချင်းဆိုင် ရတဲ့အခါ သူနေနိုင်ပါ့မလားပဲ ။
" ဘာတွေ တွေးနေတာလဲ Honey ''
" ဟင့်အင်း ဘာမှမဟုတ်ပါဘူး သွားရအောင် နောက်ကျတော့မယ် ''
" အင်း သွားမယ် မောင် တံခါးတွေပိတ်လိုက်ဦးမယ် ''
" အင်း အိမ်ရှေ့မှာစောင့်နေမယ်မောင် ''
ဒီနေ့ သူနဲ့ မောင် ကျောင်းဆင်းပွဲရှိသည့်နေ့ ဘွဲ့ယူမည့်နေ့ ဖြစ်သည် ။ မောင့်မိဘတွေလာကြမည်ဖြစ်၍ သူရော မောင်ပါ စိတ်လှုပ်ရှားနေကြသည် ။
ခြံထဲက ဘေးကမြေကွက်သေးသေး၌ သူစိုက်ထားတဲ့နှင်းဆီပင်လေးတွေက နှင်းဆီပန်းလေးတွေ ပွင့်နေသည်ကို သွားမြင်မိသည် ။
အနီရောင် နှင်းဆီတစ်ပွင့်အား ချိုးယူကာ တစ်ချက်နမ်းလိုက်သည် ။
" Honey ဘာလုပ်နေတာလဲ ''
" လာပြီမောင် ''
" ပန်းက ဘာလို့ ''