Episode 7 🖤❤

583 50 2
                                    


Son စာမေးပွဲ ဖြေပြီးလို့ ပျော်နေတယ်
သို့သော် အရမ်းတော့ မပျော်နိုင်ပါ
ဘာလို့ ဆို ဒီည Pin သူ့ဆီမလာဘူးးဆိုတာ
သိနေလို့လေ ....
( ဟွန်း ငါ့မှာတော့ စာမေးပွဲ ဖြေပြီးရင်
ကျောင်းကနေ သူနဲ့အတူ အိမ်ပြန်မယ်ပေါ့
စီစဉ်ထားတာ ခုတော့ တစ်ယောက်တည်းဘဲ
ပြန်ရတော့မယ် )

Son စိတ်မကောင်းစွာ နဲ့ အိမ်ကို တစ်ယောက်တည်း
ပြန်လာခဲ့ရတယ် .......
.........................................................................

Pin ကျောင်းကနေ အိမ်ပြန် ရေမိုးချိုးဖို့
စဉ်းစားမိသော်လည်း အချိန်နောက်ကျနေပြီမို့
အိမ် မပြန်တော့ဘဲ Son ဆီတန်းသွားလိုက်တယ်
(ဟူးး ဟိုရောက်ရင် ကောက်စိန်လေးကို
ချော့ရအုံးမယ်)

လမ်းဘေး စားသောက်ဆိုင်လေးတစ်ခုမှာ ....

Waiterး ဟာ မရပါဘူးဆို ဘယ်နှစ်ခါပြောရမလဲ
ဒါ ထိုင်း မြန်မာနိုင်ငံမဟုတ်ဘူးးး
ထိုင်း ပိုက်ဆံဘဲ ပေးပါ

Yanး ဟုတ် ကျွန် တော် သိ ပါ တယ် ဗျ
ကျွန် တော် မှာ ထိုင်း ပိုက် ဆံ ကုန် နေ လို့ ပါ
အ ခု ဒီ မြန် မာ ငွေ ကို ဘဲ လက် ခံ ပေး ပါ
မ နက် ဖြန် ထိုင်း ပိုက် ဆံ နဲ့ လာ လဲ ပါ့ မယ်

Pin ဒီလိုစကားတစ်လုံးချင်းပြောနေတဲ့ အသံကိုကြားဖူးနေလို့ ဆိုင်ထဲကိုလှမ်းကြည့်လိုက်တယ် . . 👁👁

Waiterး မရဘူး ဆိုင်ရှင်သိရင် ငါဆူခံရမာပေါ့
ငါ့ကို စိတ်တိုအောင်လာမလုပ်နဲ့

Pinး ဟေ့ Yan

Yanး P i n

Pinး မင်းဘာဖစ်နေတာလဲ ??
သူက ရောဘာလို့ မင်းကိုအော်နေတာလဲ ! !

Yanး ဟုတ် ဒီ လို ပါ ဗျ
ကျွန် တော် မှာ ထိုင်း ပိုက် ဆံ ကုန် နေ လို့
မြန် မာ ငွေ ပေး တာ ကို သူ က လက် မ ခံ ဘူး
ဖြစ် နေ တာ

Pinး ဟာ Yan မင်းကတော့ကွာ
ဒါက ထိုင်း လေ မြန်မာ မဟုတ်ဘူးး
ဘယ်လိုလုပ် မြန်မာငွေ သုံးလို့ရမာလဲ
ကဲပါ ကဲပါ ရော့ မင်းစားတာ ငါဘဲ
ရှင်းပေးလိုက်မယ်
လာ သွားရအောင်

Pin Yan လက်ကိုဆွဲကာ ဆိုင်ထဲက ထွက်လာခဲ့တယ်

Yanး လက် လွှတ် ပါ အုံး P i n
ပြော စ ရာ ရှိ လို့

Love is Love Where stories live. Discover now