စေတန်ရုပ်သေးရုပ်

3.4K 122 0
                                    


💘​စေတန်​ရုပ်​​သေးရုပ်​💘
                                
                               <or>

                                💙သူမ မမြင်​နိုင်​ခဲ့​သော သူ၏နှလုံးသား 💙

[အခန်း ၄]

""သခင်​​လေး...ကျွန်​​တော်​​ရောက်​ပါပြီ..""

""ငါခိုင်းထားတဲ့ကိစ္စ အဆင်​​ပြေလား...ဘယ်​လိုလဲ...""

နေလင်း အပြင်​ပြန်​​ရောက်​​ရောက်​ခြင်းသခင်​​လေးကသူ့ဆီဝင်​ဖို့မှာထားတာ​ကြောင့်​ သခင်​​လေးရှိရာရုံးခန်းသို့​​​လျှောက်​သွားကာ ​ရောက်​​ပြီဖြစ်​​ကြောင်း​ခေါင်းငုံအရို​သေ​ပေးပြီး သခင်​​လေး​ရှေ့စက်​ရုပ်​ပမာရပ်​လိုက်​သည်​။သူလက်​နှစ်​ဖက်​ယက်​ကာရပ်​လိုက်​သည်​ဆိုသည်​နှင့်​ပဲ ဆက်​တီ​ပေါ်​ခြေချိတ်​ထိုင်​​နေသည့်​သခင်​​လေးက သူ့ကိုခပ်​​စွေ​စွေကြည့်​ရင်းစုံစမ်းခိုင်းထားသည့်​အ​ကြောင်း​မေးသည်​။

""ဟုတ်​ကဲ့ သခင်​​လေး...​ကောင်​မ​လေးအ​ကြောင်းသိသင့်​သ​လောက်​သိခဲ့ရပါတယ်​..ဒါကသူမရဲ့ဓာတ်​ပုံနဲ့ကိုယ်​​ရေးအ​ကြောင်း​အလုပ်​​လျှောက်​လွှာ​ဖောင်​ပါဗျ...""

နေလင်းလက်​ထဲကိုင်​ထားတဲ့စာအိတ်​အ၀ါ​လေးကိုသခင်​​လေးအားကမ်း​ပေးလိုက်​ရင်း....

""​နောက်​ထပ်​ ပတ်​၀န်းကျင်​မှာကျွန်​​တော်​ စုံစမ်းရ​သ​လောက်​က​တော့ ​ကောင်​မ​လေးမှာမိသားစုအသိုင်းအ၀ိုင်းမရှိပါဘူး....ကာရံခြယ်​ဆိုတဲ့ညီမတစ်​​ယောက်​ရှိပါတယ်​...ညီမ​ကျောင်းစရိတ်​အတွက်​ ၁၀တန်းဆက်​မတက်​ဘဲ အလုပ်​လုပ်​ရုန်းကန်​လှုပ်​ရှား​နေရသူပါဗျ..သူ့အသက်​က ၂၀ပဲရှိပါ​သေးတယ်​...သခင်​​လေးထက်​ ၇နှစ်​ငယ်​ပါတယ်​...​ကောင်​...""

နေလင်း​ပြော​နေတုန်းသခင်​​လေးရဲ့အကြည့်​စူးစူးကသူဆီဒိုင်းခနဲကျလာတာ​ကြောင့်​ သူစကားမှားသွားမှန်းသိကာ​ပြောလက်​စကိုရပ်​လိုက်​သည်​။သခင်​​လေးရဲ့အကြည့်​စူးစူးကဘာအဓိပ္ပါယ်​ဆိုတာလည်း​နေလင်းသိသည်​။သခင်​​လေးက​ကောင်​မ​လေးထက်​ ၇နှစ်​ကြီးတာသူကထည့်​​ပြောလိုက်​တာကို။အဲ့လိုထည့်​​ပြောလိုက်​တာသခင်​​လေးကြိုက်​ပုံမ​ပေါ်ဒါ​ကြောင့်​​ခေါင်း​လေးငုံကာ...

စေတန်ရုပ်သေးရုပ် Where stories live. Discover now