အခန်း (၉)/ (ခ)

7.9K 984 9
                                    

Zawgyi Ver:

ဖေ့ကျင်း လည်ပင်းအစ်သွားသည်။

" မင်း စုံစမ်းဖို့ လိုလို့လား။" ပေ့သို မေးလိုက်၏။
" ဟုတ်တယ်။ တစ်ယောက်ယောက်က မယ်တော်ချန်ကို သတ်တာ။ မယ်တော်​ချန် နန်း သွေးကို မဖွားနိုင်အောင် သူတို့ လုပ်တယ်။ ငါ့ကို မွေးစားတည်းက မယ်တော်ချန် ကို သူတို့ကြောက်နေတာ။ သူမ ကိုယ်ဝန်ရှိလာတော့ ပိုဆိုးကော။ မယ်တော်ချန်ကို ဖူကွေ့ နဲ့ သတ်တာ။ မယ်တော်ချန်... မမွေးသေးတဲ့ရင်သွေးလေး နောက်ပြီးတော့ အကာအကွယ် မရှိတော့တဲ့ငါ ။ ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပြစ်တာပဲ။ အမြစ်ပြတ်အောင် ရှင်းတာ ပညာသား ပါတဲ့ အကွက်ပဲ။"
" ဧကရီ မယ်တော်ကြီးက အမြဲတမ်း အကွက်ကျကျ ရက်ရက်စက်စက် လုပ်နေကြပဲ။" ပေ့သို ပြော၏။
" ဒါပေမယ့် ဘာလို့ ရှီးနဉ်ကို အဆိပ်ခတ်တာလဲ။ ငါ နားမလည်ဘူး။" ဖေ့ကျင်း ပြော လိုက် သည်။
ရန်ရှီးနဉ် ကို ခန်းဟွာမင်းသမီးက မုန်း၏။ ဒါကြောင့် သတ်ချင်နေသည်ဟု ဖေ့ကျင်းေ၇ှးဦးစွာ တွေးမိသည်။ သို့ပေမယ့် အမွှေးတိုင်များကို ရတာ တစ်လ မပြည့်သေးဟု ရန်ရှီးနဉ် ပြောခဲ့တယ်။ အကယ်၍ ခန်းဟွာ မင်းသမီးသာ ရန်ရှီးနဉ်ကို သတ်ချင်ခဲ့လျင် ။ လွန်ခဲ့သော ၂နှစ် ရန်ရှီးနဉ် ရန်အိမ်တော်ကို ရောက်လာချိန်တည်းက သတ်ပြီးလောက်ခဲ့ပြီ ။
" ဒီ ကိစ္စကလည်း ခဲ တစ်လုံးနဲ့ ငှက်နှစ်ကောင် ပြစ်တာပဲ။ " ပေ့သိုပြောသည်။
" ဧကရီ က မင်းကို ကလေးမရ စေချင်ဘူး။ ခန်းဟွာ မင်းသမီးက မင်း ဇနီးကို သတ်ချင် တယ်။ မင်းဇနီးသာ ရန်အိမ်တော်မှာ သေသွားရင် လူတွေက စပ်စုကြမှာပဲ။ ဒါပေမယ့် မင်းရဲ့ အိမ်တော်မှာ သေရင်တော့် ဘယ်သူက သူတို့ကို အမှုသွားပတ်ရဲမှာလဲ။"
ဖေ့ကျင်း၏ ခမည်းတော်တွင် သူအပါအ၀င် သားတော်ကြီး သုံးပါး ၇ှိ၏။ မင်းသား ၇ ၏ ၂ နှစ် အ၇ွယ် သမီးတော်လေးမှ အပ တခြား သူများတွင် သွေးသားမရှိသေးပေ။ ညီလာခံ အတ်မင်းများသည် အနာဂတ် ဆက်ခံသူ ကို စောင့်မျှော်နေကြသည်။ အကယ်၍ မင်းသားတစ်ပါးသာ သားတော်မွေးခဲ့သည်ရှိသော် ဧကရာဇ် ၏ မြေးဦး ဖြစ်လာပေ မည် ။ ထိုအချက်သည် ညီလာခံ အမတ်မင်းများ ၏ ထောက်ပံ့မှုကို သက်ရောက်ပေမည်။
" သူတို့ရဲ့ နန်းလုပွဲတွေ ငါတစ်ခါမှ ၀င်မပါဘူး။ ဒါတောင် ငါ့ကို အလွတ်မပေးကြဘူး။ " ဖေ့ကျင်းပြော၏။
" ဒါဆို မင်းဘာလို့ မတိုက်ခိုက်လဲ။" ပေ့သို မေးလိုက်သည်။
"ထီးနန်းပလ္လင်ကို သူတို့ ထက် မင်းရတာ ပိုသင့်တော်တယ်။"
" ပေ့သို ငါ့ အစီအစဉ်ကို ပြောင်းဖို့ ကြိုးစားမနေနဲ့" ဖေ့ကျင်း ပြောသည်။
" မင်း မိသားစု အတွက် လက်စားချေချင်တာ ငါသိတယ်။ အချိန် ကျရင် မင်း လက်စားချေ ဖို့ ငါကုညီမယ်။ အခုတော့ အချိန် မကျသေးဘူး။ စိတ်ရှည်ရှည်ထား။ အလောသုံးဆယ်မလုပ် နဲ့။ နောက်ပြီးတော့ ငါမင်းကို သတိပေးမယ်။ ငါက ပူပင်ကြောင့် ကျမဲ့တဲ့ မင်းသားပဲ ဖြစ်ချင်တာ။"
ပေ့သို အခန်းမှ ဖေ့ကျင်း ထွက်လာတော့သည်။ ဖေ့ကျင်းကြီးနောက်ကျောကို ပေ့သို ကြည့်နေခဲ့၏။ သူ့စိတ်တွင်မူ အနည်းငယ် စိတ်ပျက်နေမိသည်။
လွန်ခဲ့သော ငါးနှစ်ခန့်က ။ ဖေ့ကျင်း အား ပေးခဲ့သော သူ့ ကတိကို ပြန်လည် အမှတ်ရမိသည်။
" ငါ မင်းကို ကယ်မယ်။ ဒါပေမယ့် မင်း ကတိပေးရမယ်။ မင်းမိသားစု အတွက် အလော တကြီး လက်စားမချေရဘူး။" ဖေ့ကျင်း ပြောခဲ့သည်။
အသက်ရှင် ဖို့ ပေ့သို ကတိပေးခဲ့၏။ ဖေ့ကျင်း နှင့် ငါးနှစ်တိုင်တိုင် အဖော် ပြုပေးခဲ့သည် ။ ငါးနှစ်လုံးလုံး ဖေ့ကျင်းအား ထီးနန်း အတွက် တိုက်ခိုက်ရန် စည်းရုံးခဲ့ဖူးသည်။ သို့သော ဖေ့ကျင်း ၏ အဖြေမှာ အမြဲတမ်း တူညီစွာပင်။ "ငါ ဧကရာဇ် မဖြစ်ချင်ဘူး။"
ဖေ့ကျင်း ဧကရာဇ် မဖြစ်လိုမှုကို ပေ့သို အမှန်ပင် အံ့သြမိ၏။ ဖေ့ကျင်းသည် ရန်ရှီးနဉ်ကို သာ စောင့်မျှော်နေခဲ့သည်။
ဖေ့ကျင်း သူနှင့် ရန်ရှီးနဉ်တို့ အခန်းကို ပြန်သွားသည့် လမ်းတစ်ဝက်တွင် ......
တောင်အတု လေး၏ နောက်တွင် သူမ ပုန်းနေ၏။ ယပ်တောင်ကို တဖျတ်ဖျတ် ခတ်နေ ၏။ သူမ မည်သူ့ကို ထောက်လှမ်းနေသနည်း သူ မသိ။
သက်တောင့် သက်သာ ရှိသော ၀တ်ရုံအား ရန်ရှီးနဉ် ပြောင်းလဲ ၀တ်ဆင်ထားသည်။ ဥယျာဉ်ထဲတွင် ဟိုဟိုသည်သည် လမ်းသလားနေ၏။ မထင်မှတ်မိစွာပင်။ စုယွဲ့သည် အသက် ၁၂/၁၃ အရွယ် ရှိပြီ ဖြစ်တဲ့ အစေခံ တစ်ဦးအား တောင်အတုများ နောက်သို့ ခေါ်လာသည်ကို သူမတွေ့ လိုက်ရသည်။
" မြေခွေးမလေး။ ငါ မင်းကို မျက်​နှာအသစ်​ရအောင်​ လုပ်​ပေးမယ်​ " စုယွဲ့ခြိမ်းခြောက် နေ၏။
ရန်ရှီးနဉ် သက်ဝင်လှုပ်ရှား အခြေအနေများကို ကြည့်ရှုရခြင်းအား နှစ်သက်သည်။ ရန်အိမ်တော်က ၂ နှစ် အချိန် အတွင်း။ ပျင်းရိလွန်းလို့ သေမတတ်။ ဒါပေါ့။ ဒီလို သက်ဝင်လှုပ်ရှား အစီအစဉ်ကို သူမ ဘယ် လက်လွတ်ခံမလဲ။ စုယွဲ့နှင့် အစေခံ ငယ် လေးနောက်ကို တိုးတိုးတိတ်တိတ် လိုက်သွားခဲ့သည်။
စုယွဲ့နှင့် အစေခံ ငယ်လေးတို့ ပြောစကားများကို ချောင်းမြောင်း နားထောင်၏။ သူတို့ ကြား က အဖြစ်အပျက်ကို သဘောပေါက်သွားခဲ့ပြီ။ မနက်ပိုင်းတွင် အစေခံ ငယ်သည် ဖေ့ကျင်း၏ အမိန့် အရ ကြက်စွပ်ပြုတ် ပြုတ်ခဲ့၏။ နေ့လယ်တွင် စုယွဲ့သည် မီးဖိုခန်းကို ၀င်ကာ ကြက်စွတ်ပြုတ်ကို ခိုးသောက်လေသည်။ မီးဖိုခန်းထဲ ၀င် လာသော အစေခံ လေးနှင့် ပက်ပင်း မိ၏။ စွပ်ပြုတ်သည် ဖေ့ကျင်းမှ ရန်ရှီးနဉ် အတွက် လုပ်ခိုင်း ခြင်း ဖြစ်ကြောင်း အစေခံ ပြောသည် ။ စုယွဲ့အား အပြစ်တင်သည်။ သူ့အား အပြစ်တင် ရဲ သော အစေခံ ငယ်ကို လူရှင်းသည့် နေရာသို့ ပညာပေးရန် အတွက် စုယွဲ့ခေါ်လာသည်။
စုယွဲ့ ကျိန်ဆဲကာ အစေခံငယ် အား ၇ိုက်နှက်သည်။ " မင်းသားကိုးရဲ့ ဇနီး အိမ်တော် ရောက်လာတာနဲ့ နင်က မျက်နှာသာ ရဖို့ ကြံတယ်ပေါ့။ နင် အချိန်တွေ အလကား ဖြုန်း နေတာပဲ။ ငါ ပြောမယ်။ သူက ၀န်ကြီးချုပ် အိမ်မှာ ပြစ်ထားခံရတဲ့ အချစ် မခံ ရတဲ့ ကောင် မငယ်လေးပဲ။ မင်းသားကိုး သူ့ကို လက်ထပ်တာ ဖိအားပေးခံရလို့ပဲ။ ငါ စွပ်ပြုတ် သောက် လိုက်တယ် အဲ့တော့ ဘာဖြစ်လဲ။ မင်းသားကိုးက ငါ့ကို အော်ဟစ် ရိုက်နှက် မယ် ထင်နေလား။ နင့် မျက်လုံးတွေကို ကျယ်ကျယ်ဖွင့် ထား။ ဒါမှမဟုတ် ငါ ဆွဲဖြဲ ပေးရမလား။"
စုယွဲ့ အစေခံ ငယ်ကို ပါးရိုက်သည်။ သူ၏ လက်သည်းများသည် ရှည်လျား ချွန်ထက်နေ၏။ စုယွဲ့ တမင်တကာ လုပ်သလော ။ မတော်တဆ ရိုက်သလော ရန်ရှီးနဉ် သဲသဲကွဲကွဲ မမြင်နိုင်။ သို့သော် အစေခံ ငယ်၏ ပါးပြင်မှ သွေးစက် တစ်ချို့ စီးကျလာ၏။ အစေခံ ငယ် နာနာကျင်ကျင် အော်ဟစ်လိုက်သည်။ မျက်ရည်စက်များ သူမ၏ ပါးပေါ်တွင် စီးကျလာလေသည်။
စုယွဲ့ မကျေနပ်နိုင်သေး။ အစေခံငယ်အား မြေပြင်ပေါ် လဲကျသည် အထိ ကန်ကျောက်တော့သည်။
စုယွဲ့ ထွက်ခွာသွားပြီ။ အစေခံ ငယ် ငိုယိုကာ မြေကြီးပေါ်မှ ကုန်းရုန်းထသည်။ တောင် အတုလေးမှ ထွက်ခွာသွားတော့သည်။
ရန်ရှီးနဉ် ချော်ချတော့သည်။ မြေကြီးပေါ်သို့ မကျလိုက်။ အံ့သြစရာကောင်းအောင် ဖေ့ကျင်း ရင်ခွင်ထဲသို့ တည့တည့်ကျသည်။
" အကိုကြီး ။ ဒီမှာ ဘာလုပ်နေတာလဲ။" ရန်ရှီးနဉ်မေးလိုက်သည်။
" ငါလည်း သက်ဝင်လှုပ်ရှားနေတဲ့ ကိစ္စလေးကို လာကြည့်တာ ပေါ့။ " ဖေ့ကျင်း ပြောလေ၏။ " အစေခံ ငယ်လေး အတွက် တရားမျှတအောင် လုပ်ပေးဖို့ မင်း ပြောမယ်လို့ ကိုယ်ထင်နေတယ်။"
ဖေ့ကျင်းထင်ခဲ့သည်။ ရန်ရှီးနဉ်သည် ချက်ခြင်း ခုန်ထွက် ကာ စုယွဲ့၏ ပါးနှစ်ဖက်အား ယောင်ကိုင်းသည် ရိုက်နှက်ပြစ်မည်။ အစေခံ ငယ် အတွက် လက်စားချေပေးမည်ဟု။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now