♥ Four ♥ (Zawgyi & Unicode)
686 70 5
Zawgyi
At Canteen..
ဟဲ့ Mark နင်ငါ့ကို နင့် Line ID မပေးသေးဝူးနော်
နင်ကငါ့ဆီကတောင်းလို့လား 😐
သူငယ်ချင်းအချင်းချင်းချေမနေနဲ့ ဟဲ့ကောင် ရော့ ငါ့ဖုန်း နင့်ID ရိုက်ပြီး Add လိုက်
Mark လည်း သူ့ Line ID ကိုရှာနေရင်းနဲ့
Line ထဲ 📩
Msg တစ်စောင်ဝင်လာတယ်
"ချစ်နေ့လည်စာ စားပြီးပြီလား ကိုယ် ဒီနေ့နောက်ကျမှာမို့ သူငယ်ချင်းနဲ့အတူ ကြန်လိုက်နော် ❤ "
Mark စပ်စုတာတော့ မဟုတ် profile ကိုကြည့်လိုက်မိတော့ ...
အမ် Gun ပြောဖူးတဲ့ သူ့အကိုမလား
Dali ဒါကဘယ်သူလဲ ??
Aww ဒါလား ငါ့ကိုကိုလေ 😁 ဘယ်လိုလည်း ချောတယ်မလား
Omm ငါ့သူ့ကို သိနေသလိုပဲ
ဟုတ်လား
သူက MK Construction Co.,Ltd ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူလေ
ပြီးတော့ အသည်းအထူးကုဆရာဝန်လေ
တစ်ဦးတည်းသော အမွေဆက်ခံသူ ဟုတ်လား ??
Mark'Pov
Gun ပြောတာက သူ့အကို သူနဲ့ အဖေတူအမေကွဲညီအစ်ကိုတွေတဲ့ ခုတော့ ..
သူက တစ်ဦးတည်းသောသားလား Dali ?
မဟုတ်ဝူးဟ သူ့မှာ ညီတစ်ယောက်ရှိတယ် သူနဲ့ဆို အဖေတူအမေကွဲပေါ့ အခုသူ့ညီက accident ဖြစ်ပြီး ဆေးရုံပေါ်မှာလေ အသက်ရှင်ဖို့ %အရမ်းနည်းနေတယ်တဲ့ အသက်မရှင်နိုင်တော့ဝူးဆိုတာ သိနေလည်း သူ့မေမေက သူ့သားသူ့ဆီပြန်လာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စောင့်နေတာလေ
ငါ့အထင်တော့ ဒီကောင်လေး ပြန်သတိမရနိုင်တော့ဝူး အခုဆိုပဲ 7လလောက်ရှိပြီလေ ဆရာဝန်တွေကြိုးစားပေမယ့်လည်း နှလုံးခုန်နေတာကလွဲလို့ Reaction ပြန်မရှိဝူးလေ
ငါတော့လေ သူ့အမေကို အရမ်းသနားတာပဲ တိလား
Awww အဲ့လိုလား ..
ပြောလိုက်ပေမယ့် စိတ်ထဲတွင်တော့ ..
နင်တို့တော်တော်ရက်စက်ကြတာပဲနော် သေမလားရှင်မလားမတိတဲ့သူအတွက်ကို ဆုတောင်းပေးတာဖြစ်ဖြစ် လုပ်ပေးရမှာကို ခုလိုမျိုး ဟန်ဆောင်ပြီး သနားနေပြတာ သူ့အတွက် ရက်စက်လွန်းရာ မကျဝူးလား