တရားရှင်နဲ့လူမိုက်ဘုရင် Part-2

3.1K 227 3
                                    

//Zaw//
''ဒီကိစ္စအတွက်တရားခံဘက်ကဖြေရှင်းချက်လိုချင်တယ် တရားခံ''

ထိုင်နေရာမှထလာသည်။ဇိမ်ပြေနပြေအညောင်းဆန့်နေသည့်တရားခံကိုကြည့်ပြီးလူထုကပွစိပွစိဖြစ်နေသည်။မြေးအဖွားနှစ်ယောက်ကိုပတ်လျှောက်နေသည့်တရားခံကိုတရားသူကြီးကမျက်မှောင်ကျုံ့ကြည့်နေသည်။တော်တော်ကြီးကြာမှသူ့ဘက်လှည့်လာသည်။

''ဒီကိစ္စကပြောရင်အရှည်ကြီးပဲ''

''အတိုချုပ်ပြော''

တရားခံကတရားသူကြီးကိုမခို့တရို့ရယ်ပြပြီးလက်နောက်ပစ်လမ်းလျှောက်နေသည်။သူပြောမဲ့စကားကိုဘေးနားကအကြံပေးအမတ်တွေရော ပရိသတ်ကပါနားစွင့်နေကြသည်။

''အဟမ်း ဒါဆို ကျုပ်ပြောမယ် ဒီကကြီးတော်ကကျုပ်ကြောင့်မတရားခံရတယ်လို့ပြောတယ်နော် ကျုပ်ပြောတာနားထောင်ပြီးရင်ဘယ်သူကြောင့်ဆိုတာပေါ်လာမှာပါ''

ဟွိုင်ဆန်းကပြောသည်။

''ပြောကြည့်ပါဦး''

တရားခံကလူထုဘက်ကိုလှည့်လျှောက်နေပြီးတစ်ယောက်ချင်းဆီရဲ့မျက်နှာကိုလိုက်ကြည့်နေသည်။နောက်မြေးအဖွားနှစ်ယောက်ဆီပြန်လျှောက်လာသည်။

''ကဲ ဒါဆိုကျုပ်မပြောခင် ဒီကကြီးတော်ကိုမေးစရာရှိတယ် ကြီးတော်''

အဖွားအိုကတုန်ကနဲဖြစ်သွားသလိုကလေးကပါသူ့အဖွားကိုဖက်ထားသည်။

''ဘာမေးမှာလဲ''

တရားခံကချောင်းတစ်ချက်ဟန့်ပြီး

''ကြီးတော်တို့မျိုးရိုးက ဝမ် မျိုးရိုး ဟုတ်တယ်မလား''

''ဟုတ်တယ်''

''ဟုတ်ပြီ ဒါဆိုကျုပ်စပြောတော့မယ် တရားသူကြီး ကျုပ်ဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတာသိလား''

''ငါမသိဘူး''

''အင်းပါ အင်းပါ မသိရင်ကျုပ်ပြောပါ့မယ် ပထမဆုံးကဒါကျုပ်လုပ်ချင်လို့လုပ်တာမဟုတ်ဘူး ဒီကကြီးတော်နဲ့ကလေးကောင်းစားဖို့လုပ်ရတာ''

သူ့စကားကြောင့်ပရိသတ်ကမခန့်သလိုရယ်ကြသည်။တရားသူကြီးကတော့တရားခံမျက်နှာကိုသာစူးစမ်းသလိုကြည့်နေသည်။

Mo Dao Zu Shi One Shot-1(Zaw+Uni)Where stories live. Discover now