S E V E N

10.6K 1.3K 227
                                    

#Unicode

Written By Yondi

Yoongi အိမ်သို့ရောက်သော်တံခါးလာဖွင့်ပေးသော Yoongi မှာမျက်လုံးကြီးပြူးကြည့်နေလျက်......

တစ်ယောက်နှုတ်ခမ်းမှာအပေါ်အောက်အထူကြီးဖြစ်နေပြီး....တစ်ယောက်မှာခွေးချီးများအလိမ်းလိမ်းဖြင့်....

"Yoongi - မင်းတို့ဘာဖြစ်လာကြတာလဲ"

"Jungkook - မင်းအဖိုးရှိတယ်မလား Yoongi.......အမြန်လုပ် အခြေအနေမကောင်းဘူး"

Jungkook ၏စကားကြောင့် Yoongi အတွေးပေါက်သွားသည်က.....

"Yoongi - အဲ့လောက်တောင်ကိုက်ထည့်လိုက်ရလား Jungkook ရာ....ဟိုမှာရောင်ကိုင်းနေတာပဲ....လာ လာ...အထဲဝင်"

"Jungkook - ဟာ...ဟေ့ရောင် ဘာတွေလာပြောနေတာလဲ.... ငါအဲ့လောက်ယောင်အောင်မကိုက်နိုင်ဘူး...အခုကပျားတုပ်ခံရတာ....."

"Tae - တောသား...မက်ရိုင်းလိုက်တာ...."

Tae သူတို့အားရန်ပြန်တွေ့နေသော်လည်းထွက်လာသည့်အသံမှာ.....

"ဗလူး ဗလူး ဗူး ဗူး....."

Jungkook - ဘဲနှုတ်သီးနဲ့ရန်တွေ့မနေနဲ့...အထဲဝင်...

Jungkook ထိုအကောင်ပေါက်အားအိမ်ထဲသို့ဆောင့်တွန်းထည့်လိုက်၏......

"ဗလူး လူး လူး ဗူး ဗလူး...."

"Jungkook - လူနားမလည်တာတွေပြောမနေနဲ့.....အမြန်သွား...."
.
.
.
.
Tae အိမ်ထဲသို့ရောက်သော် Yoongi
အဖိုးမှစိုက်ကျန်ခဲ့သောပျားဖင်မှအစူးအားနှုတ်ပေး၏....

"တော်သေးတာပေါ့ ပျားကအဆိပ်သိပ်မပျင်းလို့.....အဆိပ်ပျင်းရင်အသက်အန္တရာယ်စိုးရိမ်ရတယ်ကွယ့်"

Yoongi အဖိုး၏စကားကြောင့်နှုတ်ခမ်းအထူကြီးနှင့် မျက်လုံးပြူးကာကြည့်နေသောထိုအကောင်ပေါက်.......

Jungkook - ကျေးဇူးတင်ပါတယ်အဖိုး.....

"ဗလူး ဗူး ဗလူး လူး ဗူး"

ဟိုတစ်ယောက်ဘာတွေပြောနေမှန်းမသိသော်လည်းYoongi အဖိုးကရယ်ပြကာ.....

"ကဲ အဖိုးသွားတော့မယ်....လူလေးလည်းသေချာဆေးကြောလိုက်ဦး"

အဖိုးပြောမှသူ့ခန္ဓာခွေးချီးပေနေမှန်းသတိရ၏.........

The Village That Starts Our Love (Season 1) [Completed] Where stories live. Discover now