မတည့်အတူနေ2wish 💙💚 part-32

893 70 25
                                    

Plan....ကိုယ်ပေါ်တစ်စက်မလှုပ် ခုဏကနဲ့ဆန့်ကျင်ဘက်ငြိမ်သက်နေသောကိုကို မောရနာရတဲ့ကြားထဲ အပေါ်ကနေမဆင်းဘဲ ဒီတိုင်းကြီးအိပ်ပျော်နေတယ် ကြာလာ
တော့လူကမနေတက်တော့ဘူးမရှိရှိတဲ့အားနဲ့ဘဲ ဆွဲဖယ်ရတော့တယ် ကိုယ်တုံးလုံးကြီးနဲ့အအေးပတ်မှာဆိုးလို့အဝတ်တွေပြန်ဝတ်ပေးလိုက်တယ် planရဲ့အချစ်တွေကို ခွင့်တောင်မတောင်းဘဲ စားသုံးခဲ့တဲ့ကိုကို ဟွန့်အခုကျ
သူမဟုတ်တဲ့အတိုင်းပဲ ကို့မှာတော့နာလိုက်တာ သိပ်တောင်မလှုပ်နိုင်ဘူး ဒါပေမယ့်လည်းကျေနပ်ပါတယ်ကိုကို
ပထမဆုံးဖြစ်ခွင့်ရလို့ ကိုကိုရဲ့အချစ်တွေကိုလည်း
တစ်ယောက်ထဲပိုင်ချင်တယ် ပိုင်ဆိုင်အောင်လည်းကြိုးစားမှာပါကိုကို
planကိုချစ်လာအောင်ကြိုးစားမှာပါကိုကို(ချစ်တယ်ဟဲ့နင်မှနင်ဘဲ ငါတို့လည်းသနားပါအုံး 😔)ကိုကိုနဖူးပေါ် good night အနမ်းလေးတစ်ပွင့်ချွေချလိုက်တယ်
ချစ်တယ်ကိုကို.......

Mean...အားစ် ခေါင်းထဲဆစ်ခနဲနာကျင်မှုနဲ့အတူနိုးထခဲ့တယ် ငုပ်တုတ်ဌိုင်လိုက်ပြီး အားစ်ခေါင်းတွေကိုက်လိုက်တာ မနေ့ကအရမ်းများသွားပြီ မနေ့ကဆိုမှအိမ်ကိုဘယ်သူလာပို့တာလဲ ဆိုင်မှာသောက်နေရင်း saintကိုလှမ်း
ခေါ်လိုက်တယ် အော်ဟုတ်ပြီ saint လိုက်ပို့တာဖြစ်မယ်
Planကိုမေးကြည့်မှ အခုမှဘေဘီသတိရပြီးဘေးနားကြည့်မှ စောင်ပုံထဲအိပိပျော်နေသောဘေဘီလေး မနှိုးရက်ပေမယ့်ကျောင်းနောက်ကျမှာဆိုးတာနဲ့ ဘေဘီ အဲဒီပါးစပ်ကခေါ်မိပြန်ပြီ... plan...plan...ထတော့လေ
မျင်လုံးလေးပွတ်ကြည့်ပြီး နိုးပြီလား ငါမလိုက်ဘူးသွားတော့ဆိုပြီးစောင်ခေါင်းမြီးခြုံပြန်အိပ်လိုက်သော
ဘေဘီလေး စောင်းကိုဆွဲလှန်လိုက်ပြီး ဘာဖြစ်လို့လဲ
နေမကောင်းဘူးလား နဖူးလေးကိုလက်နဲ့အသာစမ်းပြီးမေးလိုက်တော့ အင်းနည်းနည်း အဲဒါဆိုလည်းဆရာဝန်ခေါ်လိုက်မယ်လေ ထဖို့ပြင်နေတဲ့လက်ကိုလှမ်းဆွဲခံရပြီးရတယ်မခေါ်နဲ့အိပ်လိုက်ရင်သက်သာသွားမှာ ဘေဘီကရတယ်သာပြောနေတာ မျက်ကွင်းတွေကညိုပြီး လူကလည်းအားမရှိတဲ့အသံနဲ တကယ်ရလို့လားမင်းကြည့်ရတာ
အားကုန်ပြီးပင်ပန်းတဲ့ပုံနဲ့ သူပြန်ပြောတာက ငါမနေ့က
P'rainနဲ့တွေ့တာက သူ့ကိုလက်မခံနိုင်ဘူးဆိုတာကိုသွားပြောတာပါစိတ်မဆိုးနဲ့နော် ပြီးတော့မနေ့ကလိုအရက်တွေမူးအောင်သောက်မလာနဲ့ ငါပင်ပန်းတယ် ဟမ်
ကိုမင်းကိုဘာလုပ်မိလို့လဲ အော်မင်းကလူမှန်းသူမှန်းမသိသောက်လာတော့မင်းကိုယ်ကြီးကိုတွဲရတာလေးလို့ပင်ပန်းတယ်ပြောတာအခုရောညကဖြစ်တာတွေမမှတ်မိတော့ဘူးမှတ်လားညကဘာဖြစ်လို့လဲ....ဘာမှမဟုတ်ပါဘူး ထားလိုက်တော့ကျောင်းသွားမှာမှတ်လားသွားတော့ငါပြန်အိပ်အုံးမယ်.....

မတည့်အတူနေ2wish 💙💚Where stories live. Discover now