Murder 11 Doubt

7.4K 1K 43
                                    

Zawgyi

Bai Yutang၏ စကားများကြောင့် အစည်းအဝေးခန်းမရှိ လူအကုန် Zhan Zhao အတွက် စိတ်ပူသွားကြသည်။ Zhan Zhao က S.C.I. အဖွဲ့ဝင်ဖြစ်ပေမဲ့ သူက သာမန်ပြည်သူတစ်ယောက်လိုပင်။ (ကိုယ်ခံပညာမတတ်တာကိုပြောတာပါ) ထို့​နောက် ဒီအမှုက အရမ်းရှုပ်ထွေး၏။ အကယ်၍ တရားခံက Zhan Zhao ကို ပစ်မှတ်ထားနေလျှင် Zhan Zhao အတွက် အရမ်းအန္တရာယ်များလေသည်။

S.C.I. က ဒီအမှုကို လက်လွှဲယူလိုက်ပေမဲ့ အခုအချိန်အထိ တရားခံရဲ့ အမြီးပင် မမြင်ရသေး။ ပြီးတော့ Zhan Zhaoက တရားခံရဲ့ ပစ်မှတ်က ဖြစ်နေသေးတော့ Bai Yutang တစ်ယောက် အရမ်းစိတ်ရှုပ်ထွေးနေသည်။

အကုန်လုံးရဲ့မျက်နှာမှာ စိုးရိမ်ခြင်းတွေ အပြည့်ရှိနေပေမဲ့ Zhan Zhao ကတော့ ဘာမှမဖြစ်သလို Gongsun ကိုလှမ်းမေးသည်။
" Gongsun ပြောလို့ပြီးပြီလား"

"အော်.."
Gongsunက အခုမှ သတိဝင်လာသလို Bai Yutang အားလှမ်းကြည့်သည်။

"Wu Hao နဲ့ တခြားအလောင်းတွေကို ငါစစ်ကြည့်တော့ နံပါတ်တွေနဲ့ ပတ်သက်ပြီး ထူးခြားတာတစ်ခုတွေ့ရတယ်။ ငါပြောသားပဲ အဲလူကြီးက တော်တော်လေးကို စိတ်မမှန်တဲ့ အရူးကြီးပဲ"

အကုန်လုံးက Gongsunပြောတဲ့စကားကို စိတ်ဝင်စားသွားကာ နားစိုက်ထောင်နေကြသည်။

" မင်းတို့ ဝက်သားစားဖူးတယ်မလား"
Gongsunက မေးသလိုလိုပြောတော့ အကုန်လုံးက ခေါင်းညိတ်၏။

Bai Yutang ကတော့ "ဘာပြောချင်တာလဲ"ဟု မေးဆတ်ပြလိုက်သည်။

Gongsun က ဆက်ပြီးတော့ ရှင်းပြသည်။
" စူပါမားကတ်တွေမှာ သေချာစစ်ဆေးပြီးသာ ဝက်သားတွေကိုရောင်းရင် အပြာရောင် တံဆိပ်တုံးတွေ ထုထားတာ သတိထားမိလား။ ရေနဲ့ဆေးလဲ  မပြောင်ဘူးလေ"

......  !  .......

Gongsun စကားကို နားထောင်ပြီးနောက် အားလုံးက စိတ်မသက်မသာဖြစ်သွားကြသည်။

Zhan Zhao က မျက်မှောင်ကြုံရင်း တိုးတိုးလေး ရေရွတ်၏။
"အဲဒါမဖြစ်နိုင်....."

"ဟုတ်တယ်"
Gongsunက မတတ်သာပဲ ပြောလိုက်သည်။
" ငါ အထပ်ထပ်အခါခါ စစ်ကြည့်ပြီးပြီ။ ဝက်သားတွေကို ရောင်းဖို့ခွင့်ပြုတဲ့အခါ သုံးတဲ့ တံဆိပ်တုံးနဲ့ ထုထားတာ။"

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now