Scary My Little Byun Baek Hyun

6.8K 510 40
                                    

Scary My Little Byun Baek Hyun 💓

အရွယ်​တန်​တန်​ Luggage တစ်​ခုကိုလက်​ကဆွဲ .. ​ကျောပိုးအိတ်​နီရဲရဲ၏ ကြိုးတစ်​ဖက်​ကိုပါ လက်​နှင့်​ကိုင်​ထားရင်း ထိုအ​ဆောက်​အဦးအား
Chanyeol ​မော့ကြည်​​နေမိသည်​ .......

ဒါသူ​နေရမယ့်​အ​ဆောင်​လား .....
သိပ်​​တော့မဆိုးလှ ... အ​ဆောင်​အပြင်​ဘက်​က ကြည့်​​တော့လည်း အဝါရင့်​ရင့်​သုတ်​​ဆေး​လေးနဲ့ သစ်​လွင်​​နေသလို အတွင်းပိုင်းပြင်​ဆင်​မှု​တွေမှာလည်း သပ်​ရပ်​​သေသပ်​သည်​ .....

လက်​က ​သော့တွဲနံပါတ်​​လေးကို ငုံ့ကြည့်​မိ​တော့
အခန်းနံပါတ်​ 11 ...
......................................................
° နှစ်​​ယောက်​ခန်း​တွေဆို​တော့ ကိုယ့်​အခန်း​ဖော်​နဲ့ကိုယ်​သင့်​မြတ်​​အောင်​​နေကြ​ပေါ့ကွာ ..
ပြသနာဖြစ်​ရင်​ အဆင်​မ​ပြေဘူးမလား .. °

° ဟုတ်​ကဲ့ .....
ကျွန်​​​တော့်​ အခန်း​ဖော်​က ? °

° အင်း ... ​ခဏ​နေရင်​ ​ရောက်​လာလိမ့်မယ် °

အဆောင်မှူးလိုက်ပို့ပေးသော အခန်းထဲရောက်တော့ ထင်ထားသလောက်မဟုတ်သော်လည်းသူ့ဟာနဲ့သူ သေသေသပ်သပ် ကျယ်ကျယ်ဝန်းဝန်းမို့ မျက်ခုံးတစ်ချက်ပင့်ကာ ပစ္စည်းများနေရာချထားရေးကိုပဲ လုပ်ဆောင်နေလိုက်၏ ....

ထိုအချိန်ထိ အရာအားလုံးအေးဆေးတည်ငြိမ်နေသလောက် မိနစ်ပိုင်းမျှကြာတော့ အနာဂါတ်အမှိုက်ထုပ်တစ်ထုပ်ရောက်ချလာတော့သည် ...

တစ်ခုထက်မကသော အထုတ်ကြီးငယ်အသွယ်သွယ်ကို မနိုင်တနိုင်ဆွဲရင်း လုံးတုံးတုံးနှင့် အခန်းထဲ ဝင်ချလာသော အကောင်ငယ်လေးကား အခန်းဖော်ဆိုသူမှလွဲမဖြစ်နိုင် ....

အဆောင်မှူးပါ ပါလာသည်မို့ မကောင်းတတ်သဖြင့် ထိုအကောင်လေး၏ အထုတ်တစ်ချို့အားကူဆွဲပေးရသေး .........
နှစ်ယောက်နေရမယ့်အခန်းကို သူ့မေမေလင်အိမ် မှတ်လို့များဒီလောက်ထိ အထုတ်အပိုးတသီတတန်းကြီး သယ်လာရသလား ....
စစတွေ့ခြင်းပင် မျက်လုံးထဲ Crose ဖြစ်ပြီ ...

° Chanyeol နဲ့ Byun Baekhyun ... တည့်အောင်နေကြနော် ... ဆရာသွားပြီ °

° ဟုတ်ဆရာ ! ဖြေးဖြေးသွားပါ °

Scary My Little Byun Baek Hyun 💓Where stories live. Discover now