18

81.8K 4.4K 185
                                    

Zawgyi>>>

"အင့် ဦးရှင်း...ဘာလုပ်တာလဲ လွှတ်ဗျ အောက်ချပေး"

ရုတ်ချည်း ကားထဲသို့ ပွေ့ချီလာသော ရှင်းရာကြောင့် လျှမ်းထက် မျက်လုံးပြူးရလေပြီ...

သူ့မှာ အဘွားကို ပြီးအောင်တောင် မနှုတ်ဆက်လိုက်ရ အတင်းကိုပွေ့ချီလာသော ဦးလေးကြီးပင်...

သူတို့ပုံစံကိုမြင်တော့ အဘွားက ရယ်၏...
လျှမ်းထက်သည် ရှက်လွန်း၍ ဘာမှပင်မပြောနိုင်ရှာ...

အိမ်အပြင်ရောက်တော့ ကားတံခါးကိုဆွဲဖွင့်လိုက်သည့်
ဦးရှင်းရဲ့ မျက်နှာက ပုံမှန်ထက်ပိုတည်နေ၏...

စောစောက သူပြောမိတဲ့စကားကြောင့် ဒေါသထွက်နေသည်လားမသိ...

အခုလဲ သူ့ကိုယ်လုံးလေးကို ကားထဲပစ်ချကာ ကားတံခါးတွေလော့ခ်ချပစ်လိုက်၏

သူ့အနေနဲ့ အမြဲလိုလို ရှင်းရာကို ဒေါသထွက်အောင်စနေတတ်သော်ငြား အခုလိုတကယ်ကြီး စိတ်ဆိုးတာကိုမြင်တော့ နေရခက်သလို ကြောက်လဲကြောက်နေမိ၏...

"ဟို...ဟို...ဦးရှင်း...အင့်"

ရုတ်ချည်းဆိုသလို လျှမ်းထက်ကိုယ်လုံးလေးသည် ဆိုဖာတွင် ဖိခြင်းခံလိုက်ရကာ
တစ်ဖက်တွင် လက်ထောက်၍ ရှင်းရာကနေရာယူထား၏

ဦးရှင်းရာမျက်ဝန်းက စူးရှလွန်း၍ လျှမ်းထက်ကိုကြည့်တဲ့အကြည့်တွေက ကြောက်မက်ဖွယ်ပင်...

လျှမ်းထက်သည် ကျောချမ်းသွားရကာ ရုန်းထွက်ဖို့ကြိုးစား၏...

သူအသာလေး ထွက်သွားရန်ကြံတော့ ရှင်းရာက ရိပ်မိသွားသည်ထင်ရဲ့ ခါးမှဆွဲပွေ့ကာ လုံးဝသွားခွင့်မပေး...

"ခင်ဗျား ဘာဖြစ်နေတာလဲ ဆို!"

ရှင်းရာက ဘာတစ်ခွန်းမှပြန်မဖြေချေ...မိမိလုပ်မြဲအတိုင်း ဆက်လုပ်နေ၏...

"ခင်ဗျား ဆက်မလုပ်နဲ့ အ့"

လျှမ်းထက် အထာနပ်ပါသည်
ဒါပြီးရင်ဘာတွေဆက်လာတော့မလဲဆိုတာ...အဲ့အဖိုးကြီးအကြောင်း သူမသိတာမှတ်လို့...

လျှမ်းထက် ဘယ်လိုတားဖို့ကြိုးစားပါစေ ရှင်းရာက သူ့ကိုချုပ်ထားသည်...

Mr.Where stories live. Discover now