🐰🐯-Four

9.1K 821 8
                                    

Zawgyi;

ကျောင်းပိတ်ရက်မှာ Jiminie ဆိုတဲ့ကောင်လေးရဲ့ ဆန္ဒအတိုင်း ကစားကွင်း ရောက်နေလေရဲ့

" Jungkook ရေ TaeTae ကမလာသေးဘူးလား"

" လာမှာပါ Jimin ရဲ့ ငါပြောထားပါတယ်"

Taehyungမလာသေးတာကြောင့် မျှော်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရယ်ပါ။

နောက်ကျနေပါလား...Taehyung...
ဘာဖြစ်နေလို့လဲ...မသိဘူး...

ကျစ်...ဒီကောင်လေးကတော့

" TaeTae ရေ ငါတို့ဒီမှာ"

" နောက်ကျသွားတာ တောင်းပန်ပါတယ်ကွာ။ မထင်မှတ်ပဲ hyg ပါ,ပါလာလို့ပါ "

"သူကဘယ်သူလဲ Taehyung"

Taehyungနဲ့ပါလာတဲ့လူကို မျက်မှောင်ကြုတ်ပြီး
ကြည့်နေတဲ့ Jungkook

ဘေးက ဖြူစုတ်စုတ်နဲ့တယောက်က ဘယ်သူလဲ ငါမမြင်ဖူးပါဘူး

"အာ...မိတ်ဆက်ပေးရဦးမယ်။ဒါက ငါနဲ့ ငယ်ငယ်တည်းက ခင်ရတဲ့ hyg...
Min Yoon Gi တဲ့။ Hyg၊ သူတို့က ကျနော့် သူငယ်ချင်းတွေ Park Jimin နဲ့ Jeon Jungkook "

" Park Jimin ပါ တွေ့ရတာဝမ်းသာပါတယ်😁"

"Jeon Jungkookk ပါ"

"အင်း ငါက Min Yoon Gi "

"ဒီနေ့ ငါက အိမ်ကအထွက် hyg နဲ့ တိုးလို့ ခေါ်လာလိုက်တာ ဘာမှမဖြစ်ဘူးမလား"

" ဘာမှမဖြစ်ပါဘူး TaeTae ရဲ့ လူများတော့ ကောင်းတာပေါ့"

" အင်းပါ Jiminieရဲ့
Jungkookရော အဆင်ပြေတယ်မလား "

Jungkook ပြန်ဖြေမလို့ လုပ်နေတုန်း Yoongiက
ကြားကဖြတ်ပြောလေသည်။

" Taehyung မင်းက ဘာလို့အဲ့လိုတွေ လိုက်မေးနေတာလဲ။ ငါပါလာတာ ဘာဖြစ်နေလို့လဲ "

" ဘာမှမဖြစ်ပါဘူးဗျာ ။ Hygက ရုတ်တရက်ပါလာတာဆိုတော့ ဒီလိုပဲ မေးကြည့်တာပါ "

" မဟုတ်သေးပါဘူး။ Taehyungက သူ့ဘာသာမေးတာ ခင်ဗျားက ဘာဖြစ်နေတာလဲ။ "

" တော်ပါတော့ Jungkook။ Hyg လဲတော်တော့။ လာပါ Hygရယ် "

Yoongi နဲ့ Jungkookပြသနာဖြစ်မှာစိုးလို့ Taehyung...Yoongi ကို လက်ကဆွဲခေါ်သွားလေ
သည်။

အဲဒါကို မြင်တဲ့Jungkookကတော့ တောက်တခေါက်ခေါက်နဲ့။

Jiminကတော့ ဘာမှဝင်မပြောရဲသလို ဘာကြောင့်မှန်းအသိ စိတ်ထဲကောင်းမနေပါ။

Closest To Me <<Completed >>Where stories live. Discover now