အခန်း (၁၂)/ခ

10.6K 1.1K 78
                                    

Zawgyi Ver:

ဖေ့ကျင်း အဝတ်​အစား​တွေက ဖရိုဖရဲဖြစ်​​နေလေသည်။

ရန်​ရှီးနဉ်​သည်​ ​ဖေ့ကျင်းရဲ့ ခပ်​ပြင်းပြင်းအသက်​ရှုသံတို့ကို ကြားရ၏၊ သူ့မျက်​လုံးတို့သည်​မှာလည်း ရဲ​တောက်​​နေ၍ ရုတ်​တရက်​ အရိုင်းစိတ်​ထ,​ဖောက်​လာတဲ့ သတ္တဝါတစ်​​ကောင်​လိုပါပင်​။

ဖေ့ကျင်းသည်​ သိုင်းကွက်​နင်း၍ ကုတင်​​ပေါ်တက်​လာပြီး ရန်​ရှီးနဉ်​အား လှမ်းဖက်​၍ ခပ်​ရှရှ​လေသံဖြင့်​၊ "စုယွဲ့က ကိုယ့်​စွပ်​ပြုတ်​ထဲမှာ ကာမ​ဆေးခတ်​လိုက်​လို့"

"ဘာ - " ရန်​ရှီးနဉ်​ အသံထွက်​လာ၏။

ဖေ့ကျင်းသည်​ ရန်​ရှီးနဉ်​ရဲ့ အ​ပေါ်မှ​နေပြီး​တော့ သူမကို နမ်းလာသည်​။ သူမရဲ့ဝမ်းဗိုက်​ကို မာတင်းတင်း တစ်​စုံတစ်​ရာက လာ​ရောက်​ဖိနှိပ်​ထားသလို ခံစားမိလိုက်​ပြီး၊ သူမ ကြိုတင်​ခန့်​မှန်းမိပြီးသား အရာဖြစ်​တာမို့ သူမခန္ဓာကိုယ်​​လေး ​တောင့်​တင်းသွား၏။ ဘယ်​လို သူမ မင်္ဂလာဦးည အ​တွေ့အကြုံခံစားရ​တော့မှာလား?

ရန်​ရှီးနဉ်​ ရင်​ထဲဝယ်​ ဝရုန်းသုန်းကားဖြစ်​သွား၏။ ​ဖေ့ကျင်းက သူမနှုတ်​ခမ်းလွှာဆီမှာ ဖယ်​ကွာလိုက်​ပြီး​နောက်​ သူမခါးကို ဆုပ်​ကိုင်​ထားတဲ့ သူ့လက်​တို့သည်​လည်း ​လျော့ရဲသွားသည်​။

ဖေ့ကျင်းက ရန်​ရှီးနဉ်​ကို ဖက်​ထားရင်း ပြုံးလျက်​ ​ပြောလာသည်​။ "ဖူးရန်​ ... စိတ်​မပူပါနဲ့. မင်းဆန္ဒမရှိဘူးဆိုရင်​ ကိုယ်​မင်းကို အတင်းအကြပ်​မလုပ်​ပါဘူး. ကိုယ်​ ကာမ​ဆေးရဲ့ အာနိသင်​ကို ထိန်းထားနိုင်​ပါတယ်​"

ဖေ့ကျင်းက ရန်​ရှီးနဉ်​ကို လွှတ်​လိုက်​ပြီး ကုတင်​တစ်​ဖက်​ခြမ်းတွင်​ လဲ​လျောင်းလိုက်​သည်​။ ​ဝေဒနာခံစား​နေရသည့်​ သူ့မျက်​နှာကို ရှင်းရှင်းလင်းလင်း မြင်​လိုက်​ရတာ​ကြောင့်​ သူမနှလုံးသားက ဆစ်​ကနဲဖြစ်​သွား၏။

"အစ်​ကိုကြီး ... စုယွဲ့က ရှင့်​စွပ်​ပြုတ်​ထဲ ဘာလို့ ကာမ​ဆေး ခတ်​တာလဲ?" လို့ ရန်​ရှီးနဉ်​ ​မေးလာသည်​။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now