အားလုံးက သင်္ခါရပါပဲ အကွာရယ် ..
လေပြေလေညှင်းလေးတစ်ခုက မုန်တိုင်းတစ်ခုဖြစ်သွားနိုင်တာကို ကျွန်တော် သတိမထားမိခဲ့။အချိန်ကာလတစ်ခုအထိရင်းနှီးခဲ့ကြပြီးမှ ကျွန်တော်တို့ သူစိမ်းတွေဖြစ်သွားကြတာပဲ။ အကွာ့ကို အပြစ်မတင်လိုပါဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်တာပဲမဟုတ်လား။ ဆုံတွေ့ခဲ့ခြင်းအတွက် နောင်တမရသောကြောင့် ခွဲခွာရချိန်မှာလည်း မပြိုလဲချင်ဘူး။ အကွာ့ကို နှလုံးသားနဲ့ ရင်း၍ ချစ်ခဲ့ပြီးမှ နှုတ်ဆက်ဖို့ အခွင့်အရေးတောင်မရခဲ့ဘူး။
ကျွန်တော်က ချစ်ခြင်းမေတ္တာ ငတ်မွတ်နေတဲ့ လမ်းဘေးခွေးတစ်ကောင်သာသာရယ်ပါ။ အကွာ လာကျွေးတဲ့ ချစ်ခြင်းမေတ္တာ တွေမှာ အဆိပ်ပါမယ်မှန်း မသိခဲ့ဘူး။ အဆိပ်မိပြီးသေသွားတဲ့ ခွေးကမှ သိပ်မနာကျင်ရဘူး အကွာရဲ့။ မင်းရဲ့ စကားလုံးချိုချိုလေးတွေနဲ့ အဆိပ်က ကျွန်တော့် နှလုံးသားကို တရိရိ တိုက်စားသွားတာ၊ ကျွန်တော် ထွက်သွားခဲ့တာ မဟုတ်ဘူး အကွာ..။ မင်းလွှတ်ချခဲ့တာ။ လေထဲကို လက်ထဲက လွတ်သွားတဲ့ ပူဖောင်းလေးက ပိုင်ရှင်ထံပြန်မရောက်နိုင်တာ အကွာလည်း အသိပဲမဟုတ်လား။
မလိုချင်လို့ လွှတ်ပေးလိုက်တဲ့ ပူဖောင်း လေးပေါ့ အကွာရယ်။