ငါဆိုတာရောင့်ရဲနိုင်သူကြီးပေါ့
အရမ်းကြိုက်တဲ့ဦးထုပ်လေးပျောက်သွားတာကလည်း
သင်္ခါရ . .
အရိပ်တကြည့်ကြည့်စိုက်ပျိုးခဲ့ရတဲ့ပန်းပင်လေးသေသွားတာကလည်း သင်္ခါရ . ..
မင်းပေးခဲ့တဲ့အင်္ကျီလေးမင်စွန်းသွားတာလည်း သင်္ခါရ. . .
ပြီးတော့အရမ်းချစ်ရတဲ့မင်းကိုစွန့်လွှတ်လိုက်ရတာကလည်း . .. . .
ဒီလိုပဲငါဖြေသိမ့်ခဲ့ရတာပေါ့. .
