ငါကသူ့ဆရာ-17

10K 1.2K 87
                                    

ငါကသူ့ဆရာ-17

@@@@@@@@

"ဒါလား၊ ကျွန်တော်က တိုးတက်နှုန်းမြန်တာမို့ ပူဖို့မလိုပါဘူး"

"ဒီမှာ ကျောက်စိမ်းပြား နောက်ဆုံးတော့ သူလည်း အသုံးဝင်လာတဲ့ တစ်နေရာ ရှိသေးတာပဲ၊ ပြီးတော့ မင်း ပျံသန်းခြင်းပညာရပ်ကို သေချာသင်ကြားဖို့ လိုတယ်"

"အင်း ပြန်လာရင် သင်မယ်"

သူ ဂူထဲကနေ ထွက်လာပြီးမှ စီဟန်ကို အဲ့ဒီအနားမှာပဲ ထားခဲ့လိုက်တယ်။ ကျောက်စိမ်းပြားငယ်ကို လက်နဲ့ ဝှေ့ယမ်းပြီး ဝိဉာဉ်စွမ် ဖြည့်လိုက်တော့ ပုံရိပ်ယောင်တံခါးပေါက်ငယ် ပေါ်လာတယ်။ အဲ့ဒီတံခါးကို ခြေလှမ်းချလိုက်တာနဲ့ မြင်ကွင်းအားလုံးက ပြောင်းလဲ သွားတော့တယ်။ ဒါက ပန်းပင်တွေ ပေါက်နေတဲ့ လေမငြိမ်သော တောင်ထိပ်တစ်ခု၊ အတိအကျ ပြောရမယ်ဆိုရင် ယိုဟွားတောင်ထိပ်၊

တဲအိမ်ငယ်လေးက ထိုအတိုင်း၊ အနီးအနားမှာ ဖုန်တွေ ပေကျံနေပေမယ့် အရာအရာတိုင်းကတော့ အစီအစဉ်တကျ ရှိနေဆဲ၊ တောင်စောင်းက ဇရပ်ငယ်မှာ ကျားကစားတာ မပြီးသေးတဲ့ ကျားခုံနဲ့ ကျားခွက်တွေ ရှိတယ်။ အဲ့ဒီဇရပ်ငယ်လေးမှာပဲ စောင်းအိုတစ်ခုကို ထောင်လျက်သား တွေ့ရတယ်။

စာကြည့်တိုက်အနားကို ရောက်တော့ အတွင်းက ပန်းပွင့်၊ ပန်းဖတ်တွေနဲ့ ပြုလုပ်ထားတဲ့ ဝင်္ကပါက ပျက်စီးနေပြီ။ အင်းပေါ့ ဒီစာကြည့်တိုက်က ပိုင်ဟွားဝူရဲ့ အသက်ဓာတ်နဲ့ ဆက်နွယ်နေမှတော့ ပိုင်ဟွားဝူမှာ တိကျပြီး ပြင်းထန်တဲ့ အသက်ဓာတ်ဖွဲ့တည်မှု ပျက်စီးမှတော့ ဖန်တီးထားမှုတွေ ချုပ်ငြိမ်းသွားမှာက သဘာဝပါပဲ၊

တံခါးကို ငြင်ငြင်သာသာပဲ ခေါက်လိုက်တော့ သိမ်းငှက်ပုံစံ မှော်သားရဲက တံခါးလာဖွင့်ပေးတယ်။ သူမ မျက်နှာလေးက မျှော်လင့်နေဟန်တို့ ပြည့်နှက်နေတယ်။ သူ့ကို မြင်မြင်ချင်းမှာပဲ ရှုံ့တွသွားတယ်။ သူ စာကြည့်ဆောင် အတွင်းထဲကို ခြေလှမ်းချဖို့ ပြင်တော့ သူမက တားတယ်။

"အခု မင်းတို့က ငါ့ပြိုင်ဘက်တွေ မဟုတ်တော့ဘူး အနာမခံချင်နဲ့"

သူ ယဉ်ကျေးစွာပဲ သူတို့ကို သတိပေးစကားဆိုလိုက်တယ်။ ဒါတောင်မှ သူတို့က မကျေမနပ်နဲ့ ကြည့်နေတုန်း၊

ငါက သူ့ဆရာWhere stories live. Discover now