Apologized

439 51 11
                                    

"သား ဂျောင်ဆူးလေး မေမေပိုက်ဆံလိုနေလို့ ပို့ပေးလိုက်ပါဦးနော်''⬇⬇

မနက်အိပ်ယာနိုးနိုးချင်း phဖွင့်ကြည့်လိုက်တော့ နယ်ကမေမေ့ဆီက messageလေးရောက်လို့နေသည်..

ဂျောင်ဆူးသူ့လက်ထဲ၌ ပိုက်ဆံဟူ၍ များများစားစား မရှိပါ မနေ့ညက အချိန်ပိုင်းအလုပ်မသွားခဲ့ရလို့ အလုပ်လည်းပြုတ်ပြီထင်ပါ၏...

**ထယ်ဝူရား မင်းသိတဲ့ အလုပ်လေးဘာလေးများမရှိဘူးလား
ငါပိုက်ဆံတအားလိုနေလို့**

**honey clubမှာတော့ လုပ်လို့ရတယ် အဲ့clubကိုလာတဲ့ ဘဲကြီးတွေကလည်း ရေလည်းတအားလျှံတာ မင်းစိတ်ဝင်စားလား**

**အင်းပါ ငါလုပ်မယ် အဲ့ကသူဌေးကိုပြောပေးထားဦးနော်.**

**သူဌေးကို ငါပိုင်တယ် အေးဆေး ညနေကျငါမင်းကို လာခေါ်မယ် မင်းပြင်ဆင်ထားလိုက်!**

**အင်း ဒါပဲ ထယ်ဝူးရား ကျေးဇူးလည်းတင်ပါတယ်**

ထယ်ဝူးနဲ့ phပြောချင်းကို အဆုံးသတ်လိုက်ပြီး ရေမိုးချိုးလိုက်သည်..
ခြေထောက်က မနေ့ကလောက်မနာတော့ပေမယ့် အရမ်းကြီးထောက်လို့တော့ မရသေးပေ!...

အလုပ်က ညနေမှဖြစ်၍ အိမ်သန့်ရှင်းရေးကိုသာ ဖိလုပ်လိုက်သည်...
မှန်တွေကို အဝတ်စုတ်နဲ့သုတ်ရင်း အပြင်ကို လှမ်းကြည့်လိုက်တော့ ချန်းနဲ့ မိန်းကလေးတစ်ယောက် ဖက်နေတဲ့မြင်ကွင်းက ကြိုဆို၏..
ရင်နာပေမယ့်လည်း ဆက်ကြည့်နေမိသည်..
ချန်းက သူ့ကို လှောင်ပြုံးတွေပဲပေးခဲ့တယ်မဟုတ်လား
အခုတော့ ချန်းက မိန်းကလေးတစ်ယောက်က်ု ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကလေးလေးတစ်ယောက်လို ပြုံးနေတာမြင်ရတာ သူ့အတွက်တော့ တကယ်ကို ရှားပါးဖြစ်စဉ်ပေ!

ခဏကြာတော့ ချန်းရဲ့ကားလေးလည်း မြင်ကွင်းထဲမှပျောက်သွားချေပြီ..
ထယ်ဝူးလာခေါ်မယ့် အချိန်ကလည်းနီးနေပြီမို့ နောက်တစ်ခေါက်ရေချိုးပြီး အနည်းငယ်သစ်လွင်သောအဝတ်အစားတို့အား ဝတ်ဆင်ကာ အိမ်ခန်းအပြင်၌စောင့်နေလိုက်သည်..

"ဂျောင်ဆူးရား သွားရအောင်လေ! "

"အင်း..ထယ်ဝူးရား ငါကြောက်တော့ ကြောက်တယ် အဆင်ပြေမှာပါနော်?''

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 07, 2019 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ApologizedDonde viven las historias. Descúbrelo ahora