♠မာယာလှည့်ကွက်♠ Part 31

1.3K 137 8
                                    

[Zawgyi]

'' ဗျာ ''

နိုးလာလာချင်း တရစပ်ပြောနေသော Porစကားများကို Arthit နားမလည်နိုင်တော့။ သူနှင့် Oon က အတူတူပဲဆိုတာ ဘာသဘောလား။

'' ဆောရီးးး သားလေး Por စိတ်လှုပ်ရှားပြီး လောသွားတာ Por ပြောပြမယ် ''

'' ဟုတ် Por စိတ်ကို ငြိမ်ငြိမ်ထားနော် ပြန်ထိုင်ပါဦး ''

သတိရလာကတည်းက ငေါက်ခနဲထိုင်ကာ သူ့လက်မောင်းတွေကို ဆုပ်ကိုင်ပြောဆိုနေသော ဖခင်ဖြစ်သူကို Arthit ကျောပွတ်ပေးရင်း ကုတင်ခေါင်းရင်းပေါ် မှီထိုင်စေလိုက်သည်။

'' Arthit… Arthitကော ''

'' သူ ညကပဲ ပြန်ထွက်သွားတယ် Por ''

သူ့ကို Oon ဟု ထင်နေသော ဖခင်ဖြစ်သူကိုလည်း သူ ရှင်းပြလို့ မဖြစ်သေး။ အခြေအနေကို စောင့်ကြည့်ရဦးမည်ဖြစ်သည့်အတွက် သူ ဆက်ဟန်ဆောင်ရမည်။

'' ဟင် ဟုတ်လား သူ … သူ အတိတ်မေ့နေတာလား ဘယ်လိုဖြစ်တာလဲ… Porသားကိုလည်း အခုလို Oonကို ပြန်တွေ့ရမယ်လို့ လုံးဝမထင်ထားခဲ့ဘူး ဒါနဲ့ ဘယ်လိုဖြစ်တာလဲ Porကို ပြောကြပါဦး ''

'' ဟို… ဟို အဲ့ဒါကလေ ရှန်ဟိုင်းမှာ Accidentဖြစ်ပြီး အတိတ်မေ့နေတုန်း Arthitအစား Oon က ဝင်နေရာယူနေခဲ့တာပါ အဲ့ဒါကို Arthitက အခုမှသိပြီး လိုက်လာတော့ အဲ့လိုတွေ ဖြစ်ကုန်တာပါ ''

'' ဘယ်… ဘယ်လို ငါ့သားလေးတွေ ဒုက္ခရောက်နေခဲ့တာ အဲ့ဒါကိုတောင် ဒီPorက မရိပ်မိခဲ့ဘူးပဲ~ Porညံ့လိုက်တာကွယ် တကယ်ကို မသိခဲ့ဘူး ''

သူ့လက်မောင်းတွေကို လှုပ်ကိုင်ကာ ပြောလာသော Porလက်တွေကိုသာ Arthit ပြန်လည်ဆုပ်ကိုင်ပေးရင်း ပြောလိုက်တော့ ကြားလိုက်ရသည့်စကားက…။

'' သားတို့က ရုပ်တူလွန်းလို့ နေမှာပါ~ ဘာလို့ အဲ့လောက်တူလဲတော့ မသိပေမယ့် … ''

'' တူတာပေါ့ ငယ်ငယ်ထဲက တစ်ရုပ်ထဲမို့ Porတို့တောင် သား… သားတို့ကို အမှတ်ကြည့်ပြီး ခွဲခဲ့ရတာ အမြွှာဆိုတဲ့အတိုင်း တစ်ထေရာတည်းဖြစ်နေကြလို့လေ ''

'' ဗျာ ကျွန်တော်တို့က အမြွှာတွေ ဟုတ်… ဟုတ်လား ''

မထင်မှတ်ထားသော အခြေအနေကြောင့် Arthit ကုတင်ပေါ် တင်ပုဆုံလွှဲထိုင်နေရင်းတောင် လူက အားပြတ်ပြီး ယိုင်သွားချင်သလို ဖြစ်သွား၏။

♠ မာယာလှည့်ကွက် ♠ [Z & U]Where stories live. Discover now