အပိုင်း ( ၂၇၁ )

1.4K 195 0
                                        

အရှက်ခွဲခြင်း

လင်းဖန်သည်လည်း လူအများနည်းတူ လိုက်ကြည့်လိုက်ရာ အေးစက်စက်မျက်နှာနှင့် လူငယ်တစ်ယောက်ကို သူတွေ့မြင်သွားလေသည်။

နှင်းရေခဲတောင်ရွာက နှင်းနှင့် ရေခဲဝိညာဉ်ပါရှိသူများကိုသာ လက်ခံသည်။ သူတို့လေ့ကျင့်သော ကျင့်စဉ်အားလုံးမှာ ရေခဲကျင့်စဉ်များဖြစ်သည်။ ထိုလူစုရောက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက များစွာအေးစက်သွားပုံပေါ်သည်။

“ လင်းချီစုဆောင်းမှုအဆင့်ကိုး ”
ပါသောက်က ပြောလိုက်ရာ လင်းဖန်ခေါင်းညိတ်ပြလိုက်သည်။ ယွမ်ဟိုင်ကျောင်းတော်ပြိုကွဲသွားရခြင်းမှာ ကြုံတောင့်ကြုံခဲဖြစ်သွားရခြင်းမဟုတ်ပေ။ လွန်ခဲ့သော တစ်နှစ်က ယွမ်ဟိုင်ကျောင်းတော်သည် အကြီးမားဆုံးကျောင်းတော်တွေထဲမှာ အင်အားအနည်းဆုံးကျောင်းတော်ဖြစ်ခဲ့သည်။ တခြားကျောင်းတော်သားများကို ကြည့်ခြင်းအားဖြင့် ထိုအချက်က မှန်ကန်ကြောင်း တွေ့ရှိနိုင်သည်။

ပင်းယွမ်နှင့် သူ၏သူငယ်ချင်းများသည် ဆက်လက်လျှောက်လာသည်။ ထိုစဉ် လူများသည် သူတို့လာရာလမ်းမှ ဖယ်ပေးလိုက်ကြသည်။ သိပ်မကြာခင်မှာ ပင်းယွမ်က လင်းဖန်၏ရှေ့သို့ ရောက်လာသော်လည်း လင်းဖန်က ဘေးသို့ ရှောင်ဖယ်ပေးခြင်းမပြုသည်ကို လူအုပ်ကြီး သတိထားမိသွားသည်။ သူသည် နေရာမှာပင် မလှုပ်မယှက်ရပ်နေသည်။

“ အမ် ”

လူအများစုမှာ အံ့အားသင့်သွားသည်။ ပင်းယွမ်နှင့် သူ၏သူငယ်ချင်းများသွားသော လမ်းကို ဖယ်ရှားမပေးသည့်အတွက် လင်းဖန်ကို ကြောက်ရွံ့ခြင်းမရှိသောသူဟူ၍ သူတို့၏စိတ်ထဲမှာ တွေးလိုက်မိကြသည်။

ပင်းယွမ်မျက်မှောင်ကြုတ်သွားပြီး သူ့ထံမှ ရေခဲတမျှအေးစက်သော ချီအချို့ထွက်ပေါ်လာပြီး လင်းဖန်တို့ထံသို့ ပြေးဝင်သွားသည်။ သူတို့ပတ်လည်မှာ အဖြူရောင်ရေခဲအလွှာတစ်ခုက ဝန်းရံလာသည်။ များမကြာမီ လင်းဖန်၏ခန္ဓာကိုယ်ကို ရေခဲအလွှာတစ်ခုက ဝန်းရံထားတော့သည်။

လင်းဖန်သည် သူ့နေရာမှာ တည်ငြိမ်စွာ ရပ်နေဆဲပင်။ လင်းဖန်၏အင်္ကျီများက လေထဲမှာ လွင့်သွားပြီးမမြင်နိုင်သော စွမ်းအားတစ်ခုထွက်ပေါ်လာသည်။ လျှပ်တစ်ပြက်အတွင်းမှာ သူ့ပတ်လည်တွင် ဝန်းရံထားသော ရေခဲချီများမှာ အစအနရှာမရအောင် ပျောက်ကွယ်သွားသည်။

PMG အတွဲ ( ၂ )Where stories live. Discover now