"Sehun ဘာဖြစ်လို့လဲ"
အလောတကြီးဖြစ်နေတဲ့ကိုယ့်ကိုကြည့်ရင်းမေးတဲ့ Kyung Soo Hyungကိုလဲ ပြန်မဖြေဖြစ်...
ရှေ့ကနေ ရေချိုးခန်းထဲဝင်သွားပြီဖြစ်တဲ့ Hyungက အခန်းတံခါး lockချ မပစ်ခင် အချိန်မှီလိုက်ဝင်နိုင်ဖို့ အရေးကိုသာစိတ်စောရင်း ခြေလှမ်းတွေက မပြေးရုံတမယ်။ဆွဲပိတ်လိုက်တဲ့အရှိန်နဲ့ အနည်းငယ်ရမ်းခါနေတဲ့ တံခါးကို လှမ်းဆွဲဖွင့်ရင်း လက်သီးတစ်ချက်ပဲဖြစ်ဖြစ်..ရင်ဘတ်ကို ဆောင့်တွန်းပစ်တာပဲဖြစ်ဖြစ်ပြန်ရလိမ့်မယ်လို့ မျှော်လင့်လိုက်မိသည်။
သို့သော်....
bathtub ဘောင် ကိုကိုင်ရင်း ကြမ်းပြင်ပေါ် ထိုင်ကျနေတဲ့ ပုံရိပ်ကြောင့် အနည်းငယ်တွေဝေသွားမိရင်း...
"Hyung"
မရဲတရဲ သွားထိလိုက်မိတဲ့ ပုခုံးတွေ ဆတ်နဲတုန်သွားပြီးနောက်...
"ဝေါ့!!"
"ဟင် Hyung"
ထိုးအန်ပစ်လိုက် တော့မှ Hyungရှေ့ကြမ်းပြင်ပေါ်မှာ ကိုယ်မရောက်လာခင်ကတည်းက ပေပွနေခဲ့ပုံရတာတွေကို သတိထားမိသည်။
တစ်ဆက်တည်း နားလည်လိုက်ရတာက
Hyung နေမကောင်းဘူး...."ဝေါ့....အဟွတ်...အဟွတ်"
"အဆင်ပြေရဲ့လား Hyung"
သက်သာလိုသက်သာညား ကျောပြင်ပေါ်ဖိပေးနေတဲ့ လက်ဝါးတွေအောက်မှာ တောင် Hyung တစ်ကိုယ်လုံးတုန်နေတာကို ခံစားမိသည်။
နဖူးပေါ်က ဆံပင်တချို့ ချွေးစေးတွေနဲ့ကပ်ငြိနေတဲ့ Hyung ဟာ ဗိုက်ကိုလက်တစ်ဖက်နဲ့ ဖိညှစ်ထားရင်း တော်တော်လေးကို ခံရခက်နေပုံရပြီး အသက်ရှုသံတွေလဲ မူမမှန်....
"ဘယ်အချိန်ကတည်းကဖြစ်နေတာလဲ"
မေးလိုက်တာကို မဖြေနိုင်သေးခင် ထပ်ကာထပ်ကာ အန်နေပြန်တဲ့ Hyung...