တိတ်တဆိတ် တေးသွား🎶
🌸ပန်းခြယ်ရီ
"...အမှတ်စဉ် ၃၄ .. မပွင့်ရုပ်လွှာ ဝင်လို့ ရပါပြီ..."
ပွင့်ရုပ်လွှာ ကိုယ်လေး တောင့်သွားသည် ။
ရင်တွေလည်း တဒိတ်ဒိတ် ဖြင့် ခုန်နေသည်...
သက်ပြင်းလေး တစ်ချက်ချရင်း...အင်တာဗျူး
အခန်းထဲ သို့ ဝင်လိုက်သည်..." ထိုင်ပါဗျ..."
ဒေါင်ကောင်းကောင်း အသားလတ် ရှိသော...သူဆီမှ ထိုင်ခုံ ကို တရိုတသေ ညွှန်ပြ
ကာ ထိုင်ခိုင်းနေတော့...ပွင့်ရုပ်လွှာ ထိုင်ခုံ မှာ ဝင်ထိုင်လိုက်သည်မျက်နှာချင်း ဆိုင် ထိုင်ခုံ မှာ...ကြော့ကြော့မော့မော့ ဖြင့် လက်တော့ပ် တစ်လုံး ကိုသာ အကြည့် ပို့ထားသော ထိုသူဆီမှ မျက်လုံး ပင့်ကြည့် ခြင်းတောင် မခံရ...။
အခန်းထဲမှာ အရမ်း တိတ်ဆိတ်နေသည်...
အချိန် အတန်ကြာသည်အထိ သူဋ္ဌေး လို့ ယူဆရသော မျက်နှာချင်းဆိုင် ထိုင်ခုံ မှာ ထိုင်နေသော သူဆီမှ အသံ မပြောနှင့်...လက်တော့ပ် ကိုသာ ကြည့်ပြီး အလုပ်ရှုပ်နေသည်...
မျက်လုံး တောင် ဝေ့ဝဲ ကြည့်ခြင်း မခံရသေးပေ...
သူ့ဆီမှာ အလုပ်လုပ်တဲ့ သူကို ဂရုမစိုက် အလေးမထားသည့် ပုံစံ~~~
စိတ်တော့ နည်းနည်း မကြည်မသာ ဖြစ်ရပြီ...
သို့သော်လည်း ဘာမှမပြောရဲ...အလုပ် ရဖို့က
သာ ပွင့်ရုပ်လွှာ အတွက် အဓိက ကျနေလို့ ဖြစ်သည်...စိတ်ကို ချုပ်တည်းပြီး အသာ လေးသာ ငြိမ်ထိုင်နေလိုက်သည်...
တင်..တင်...
ပွင့်ရုပ်လွှာ ရှေ့မှာ ရှိနေသော...လက်တော့ပ် တစ်လုံးမှ အလင်းရောင် တစ်ခုနှင့် ပွင့်လာပြီး.တစ်ခုခုဝင်လာသော..အသံလေး လည်း ကြားရသည်...
ပွင့်ရုပ်လွှာ လက်တော့ပ် ကို အကြည့်တစ်ချက် ပို့ပြီး ငြိမ်ငြိမ်လေး ပြန်ထိုင်နေတော့...
YOU ARE READING
တိတ်တဆိတ် တေးသွား
Romance' ချစ်တာကို ချစ်ပါတရ် လို့ ပြောခွင့် မရှိတဲ့... ကိုယ်ပါ...မင်းရဲ့ အချစ် ကို ကိုယ် တောင်းတ ပိုင်ခွင့် မရှိတဲ့ သူပါ...ပြောလို့ရရင် အော်ပြောလိုက်ချင်တယ်...ကိုယ် မင်းကို ချစ်ပါတရ် လို့ ' ခိုင်မင်းခ~~~ " အချစ်ဆိုတာ ပါးစပ် က...