Episode - 4

2.6K 202 3
                                    

Episode - 4

"ဘာဖြစ်နေကြတာလဲ....."

ခပ်မာမာအသံတစ်ခုထွက်ပေါ်လာတာကြောင့် ခါလွန် ရော
ထိုလူရော အသံလာရာသို့ကြည့်လိုက်တော့သည် ။ခန္ဓာကိုယ်
ခပ်တောင့်တောင့်နှင့်အရပ်ရှည်ရှည် ချောမောသောယောက်ျား
တစ်ယောက် သူတို့ဆီဦးတည်လျှောက်လာသည်ကို ခါလွန်
တွေ့လိုက်ရသည် ။အရောင်အဝါတို့တလက်လက်ထွက်နေ
သည်လို့တောင်ထင်ရသော ထိုလူရဲ့ခန့်ညားမှုတို့ကြောင့် ခါလွန်
တင်္ဂတအသက်ရှူဖို့ပင်မေ့သွားရလေသည် ။

"ဘာများဖြစ်လို့လဲ ဧည့်သည်...."

ခပ်ရေးရေးအပြုံးတစ်ခုနှင့်အတူ နူးညံ့တဲ့စကားသံတစ်ခုထွက်
လာတော့ ခါလွန် သတိပြန်ဝင်လာရသည့်အဖြစ် ။

"မင်းက ဒီဆိုင်ကတာဝန်ခံလား...."

"အင်း အဲ့လိုပဲပြောရမှာပေါ့ ဘာများအလိုမကျလို့လဲ ဧည့်သည်
ပြောပါခင်ဗျ...."

"မင်းတို့ဆိုင်က ဘယ်လိုဟာတွေအလုပ်ခန့်ထားတာလဲဟမ်
Service ကလဲညံ့ ရိုင်းကလည်းရိုင်းစိုင်းသေး customer ကိုတောင်လက်သီးနဲ့ထိုးရဲတယ်...."

"ခင်ဗျား....."

"မင်း ငြိမ်ငြိမ်နေ...."

ခါလွန် ဒေါသထွက်လွန်းလို့အသားတွေတောင်တဆတ်ဆတ်
တုန်လာသည် ။အစော်ကားလဲခံရတယ် အခုလည်းကိုယ့်အမှား
မဟုတ်ပဲ အတိုင်ခံနေရပြန်သည် ။

"ကျွန်တော်ကပဲ ကြားထဲကနေတောင်းပန်ပါတယ် ဟုတ်တာ
ပေါ့ ကိုယ်ထိလက်ရောက်ကျူးလွန်တာဆိုတော့ ကျွန်တော်တို့
ဝန်ထမ်းရဲ့အမှားပေါ့ တောင်းပန်ပါတယ်ဗျာ...."

ဘာ.....ငါ့ အမှား.....

ခါလွန် ရဲ့ဒေါသတွေက ဆိုင်တာဝန်ခံဆိုသောအမျိုးသားအပေါ်
သို့စုပြုံကျရောက်သွားတော့သည် ။

ရုပ်ချောတော့ဘာလုပ်ရမှာလဲ အကျင့်မှမကောင်းတာ....

စောစောကစိတ်ထဲချီးကျူးထားသမျှ အကုန်ပြန်ရုတ်သိမ်းသည်
ခါလွန် ဒေါသထွက်ထွက်နှင့် သက်ပြင်းတွေသာလိမ့်ချနေမိလေ
တော့သည် ။

"မင်းလည်း ပြန်တောင်းပန်လိုက်...."

"ဗျာ...."

ချစ်ခြင်းဖြင့်ရှင်သန်ခြင်း ( Zawgyi & Unicode )Donde viven las historias. Descúbrelo ahora