› 25 ‹

3.6K 387 43
                                    

⟨ Unicode Version ⟩
BTSOE
- Behind The Scene Of Ego-






တရွေ့ရွေ့သွားနေတဲ့နာရီလက်တံတွေကို အကြောင်းမဲ့ငေးရင်း မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေကို စဉ်းစားနေမိသည်။
ဘယ်လိုလုပ်ပြီး ဖြစ်လာတာလဲ ။
နှစ်ယောက်လုံး လက်မခံပါဘူးဆိုမှ အတင်းအကြပ်စီစဉ်တဲ့ပွဲ။ နှစ်ဖက်စလုံးက အသေအကြေငြင်းနေတာတောင် ဘယ်လိုကြောင့် ဒီပွဲကဖြစ်လာတာလဲ။

JK Groupနဲ့ Kim Group ရှယ်ယာတွေပေါင်းပြီးနောက်မှာတော့ သူမမေမေက JK Groupရဲ့ မန်နေးဂျင်းအဖြစ်တာဝန်ယူစေခဲ့သည်။ ကိုကိုကတော့ မပြီးပြတ်သေးတဲ့ Kim Groupကို မေမေနဲ့အတူ ဦးစီးသည်။

ထို့နောက် မပြောမဆို ဂျောင်ကုမေမေနဲ့ သူမမေမေတို့စီစဉ်ခဲ့တာက ဂျောင်ကုနဲ့ သူမရဲ့လက်ထပ်ပွဲ။

လက်မခံနိုင်ဘူးလို့ငြင်းခဲ့ပေမယ့် သေချာပေါက် ရအောင်လုပ်မယ်တဲ့။ ဂျောင်ကုမှာ ချစ်သူရှိတယ်၊ ချစ်တဲ့သူဟာ ထယ်ယွန်းပါလို့ လက်ဆုပ်လက်ကိုင်ပြပေမယ့် ဂျောင်ကုမေမေက လက်မခံပေးပါ။

ဂျောင်ကုမလိုချင်တဲ့ လက်ထပ်ပွဲကို သူမကိုယ်တိုင်ငြင်းပေးပါသော်လည်း အရာမရောက်ခဲ့။ ဂျီဂျီကလည်း အခွင့်အရေးရရင် ရသလို ထယ်လေးနဲ့ဆက်သွယ်တာမို့ ဂျောင်ကုရဲ့ပစ်မှတ်က သူမဖြစ်လာခဲ့တော့သည်။

မပတ်သတ်ချင်တော့လို့ ကံကြမ္မာကို ရှောင်ပြေးခဲ့တယ်လေ။ ဘာကြောင့် ကံကြမ္မာကြီးက ထိုလူသားနဲ့ပဲဆုံစည်းစေခဲ့တာလဲ။ သူငယ်ချင်းမိတ်ဆွေအဖြစ်တစ်သက်လုံးအနားမှာ ကပ်တွယ်နေနိုင်ဖို့ပဲ ဆုတောင်းမိခဲ့တာ....။

အခုတော့ တစ်နေ့တစ်ခြား သူ့ရဲ့အမုန်းတွေကို ခံယူဖို့များ ရှင်သန်ရနေသည်။

လောကကြီးရယ် မတရားလိုက်တာ......။

သူမ မျက်လုံးကို အသာမှိတ်ရင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ထယ်ထယ်နဲ့ ချိန်းဆိုထားသော RJ ကော်ဖီဆိုင်လေးဆီသို့....။

ဆိုင်ကိုရောက်တော့ ပိုင်ရှင်ရဲ့သမီးမှန်းသိနေတဲ့ ဝန်ထမ်းအချို့က နှုတ်ဆက်ကြသည်။ သူမကလည်း ပြန်နှုတ်ဆက်ရင်း ထယ်ထယ်စောင့်နေသည့် ဝိုင်းလေးသို့ ပုံမှန်လေးလျှောက်သွားလိုက်သည်။


Behind The Scene Of Ego【 Season 01 】Where stories live. Discover now