အပိုင်း -၂၃

9.8K 573 254
                                    

Girlfriend Material

"ရပြီ သွားထိုင်​​တော့"

ကြပ်​ပိတ်​သိပ်​​နေသည့်​ လူ​တွေကြားတစ်​နာရီ​လောက်​ မတ်​တပ်​ရပ်​လို့
အပြီးမှာ​တော့ သူ့ တို့ နှစ်​​ယောက်​​ရှေ့ကတစ်​ခုံစာလွတ်​သွားတာမို့ ဂဝံက
လူ မဦးခင်​ ​ကျောကလွယ်​အိတ်​ကိုချွတ်​ကာအရင်​ထားလိုက်​ပြီး
သူ့ ရင်​ခွင်​ထဲ​ရောက်​လုနီးပါးဖြစ်​​နေတဲ့ကသစ်​ဖြူ
ကို ​ပြော လိုက်​ သည်​။

ကသစ်​ဖြူ က ဒါ​တောင်​ မျက်​လုံးအဝို​င်းသား နှင့်​ သူ့ ကို
ကြည့်​ ရင်း

"ဟို...ဟို.."

"ကဲ....မြန်​မြန်​သွား​တော့ဆို "

ဂဝံသည်​ စိတ်​မရှည်​နိုင်​စွာပင်​​ချောင်​ထဲ​ရောက်​​နေတဲ့သူမ
ကိုယ်​လုံးကို ဆွဲထုတ်​ကာ ဦးထားသည့်​ တစ်​ခုတည်း​သော
ခုံမှာထိုင်​ခိုင်းလိုက်​သည်​၊

ထိုင်​ခုံ​ပေါ် ဂဝံ ဆွဲတင်​လို့​ရောက်​သွားတဲ့ကသစ်​ဖြူ ဟာ
ဂဝံ့အား အားတုံ့အားနာစွာပင်

"ငါ...ငါ....ထလို့ လဲ အဆင်​​ပြေတယ် ၊ နင်​ ထိုင်​ ပါလား.."

ကသစ်​က​ပြောရင်းပင်​ ဂဝံ့ရဲ့ဖိနပ်​မရှိတဲ့​ခြေ​ထောက်​​တွေကို
တချက်​ငုံ့ကြည့်​လိုက်​၏။ ​ခြေ​ထောက်​​တွေသည်
တ​လျှောက်​လုံးကား​နောက်​​ပြေးလိုက်​ခဲ့ရသဖြင့်
ဗွက်​ ​တွေ​ပေကျံ ကာ ​ခြေ​ချောင်း​တွေဆိုရဲ​နေ၏၊
အ​ပေါ် က လဲ အဲကွန်း လွှတ်​ထားတာ​ကြောင့်​မို့အနည်းငယ်​​တော့
စိုးရိမ်​မိသည်​၊

"မလိုဘူး ၊ ငါ ရပ်​ ပဲ ​နေမယ်​ "

ကသစ်​အ​ပြောကို ဂဝံပြန်​​ဖြေ လိုက်​ရင်း ကသစ်​ ​နောက်​​ကျောက
ဦးထားမိတဲ့သူ့လွယ်​အိတ်​ကိုယူဖို့လက်​လှမ်းလိုက်​သည်​၊

"ရတယ်​ ၊ အဲ့တာငါကိုင်​​ပေးလို့ရတယ်​ ၊ နင်​ ထိုင်​ခုံ​ပေးထားတာပဲ
အဲ့​တာ​လောက်​​တော့ငါလုပ်​​ပေးလို့ရတယ်​ ​ပေးထား"

လွယ်​အိတ်​က သူ့လက်​ထဲမပါလာခင်​ ကသစ်​ဖြူ
က ​ပြောရင်း ထိုလွယ်​အိတ်​ကိုယူကာ ရင်​ဘတ်​တွင်
ပိုက်​ထား၏၊ ဒါ​ကြောင့်​ သူလဲ ကိုင်​ စရာ ဆို လို့
အရုပ်​ ပဲ ​ရှိ​တော့ သည်​၊ ရင်​ ခွင်​ ထဲ က အရုပ်​ က​တော့
ကသစ်​ဖြူ ​လောက်​ စကား မများပါ ၊ ဒါ​ကြောင့်​ သူစိတ်
ချမ်းသာရသည်​၊

You've reached the end of published parts.

⏰ Last updated: Aug 02, 2019 ⏰

Add this story to your Library to get notified about new parts!

Girlfriend Material Where stories live. Discover now