~8~ (A New Home🏘)

10.3K 1K 205
                                    

မနက်အစောကြီးကတည်းက Shift က နေ့လည်မှာ
ပြီးသွားလို့ ရိပေါ် နေ့လည်စာကို ယွီပင်းနဲ့ပဲ အပြင်မှာ အတူ စားပြီး အိမ်ပြန်လာခဲ့တယ်။

ရိပေါ် စိတ်တွေဟာ အရောင်တွေ ရောထွေးနေတဲ့ ချည်မျှင်ထုံးတစ်ခုလိုပဲ တကယ်ကို ရှုပ်ထွေးပွေလီနေတယ်။ ညကလည်း ငိုထားတာမို့ ခေါင်းကလည်း တဆစ်ဆစ် ကိုက်နေသေးတယ်။

ရိပေါ် လန်ချီးရန်ရဲ့ အတန်းကို ပျက်ထားမိလို့ သူ့
Lecture ပြန်ကူးဖို့ ယွီပင်းဆီက စာအုပ်ငှားလာခဲ့ရတယ်။ မဟုတ်ရင် ဘိုးတော်က ရစ်တော့မှာ ။ Roll Call ဘာလို့ မပြည့်ရတာလဲတို့ ။ စာကျမရပဲနဲ့တို့။ စာမေးပွဲ ဖြေခွင့်မပေးတော့ဘူး တို့ ဘာတို့ ညာတို့ ။ အဲ့လန်ဥဥက ဆိုင်ကယ်ဟွန်းလိုပဲ! တကယ်ပွမ်ပြီး နားညီးတာ။

တခြား ဆရာတွေကို အဲ့လောက် မဟုတ်ပေမယ့် စကားတွေ ပွစိပွစိ ပြောတာ မကြိုက်တဲ့ ရိပေါ် ဒီ လန်ဥဥကိုတော့ နည်းနည်း ချဉ်တယ်။

ဒီတစ်ပတ်လုံးလုံး ရှောင်းကျန့် စိတ်နဲ့ လေနေမိတာမို့
ကြိုမလုပ်ထားမိတဲ့ Assignment တစ်ခုလည်း Monday Deadline အမီ တင်စရာရှိသေးတယ်။

ရိပေါ် အားတင်းလိုက်တယ်။

စာလုပ်ရမယ်။ ဟူးးးး။

ရိပေါ် သက်ပြင်းတစ်ချက်ချပြီး စာကြည့်စားပွဲပေါ် မှာ ငူငူကြီး သွားထိုင်နေတယ်။ နာရီဝက် ကြာနေပြီ ဖြစ်တာတောင် စာမျက်နှာ တစ်ရွက် လှန်ဖို့ မပြောနဲ့ ... စာအုပ်ကိုတောင် မထိရသေးဘူး။

စိတ်ကိုတင်းပြီး စာမျက်နှာ တစ်ရွက်ကို စလှန်လိုက်တော့ စာမျက်နှာဖြူဖြူ ပေါ်မှာ ရှောင်းကျန့်နဲ့ ရိရှင်းတို့ပုံက ပေါ်လာပြန်တယ်။ စာရွက်ကိုပဲ ထဆွဲဆုတ်ရမလား မှောက်ပဲအိပ်ရမလား တွေဝေနေတုန်း လူခေါ် bell သံကြားလို့ နေရာကနေ စိတ်မပါပဲ တံခါးသွားဖွင့်ပေးရတယ်။

ကျောက်ခဲတွေတစ်ကိုယ်လုံးအပြည့်ဆွဲထားသလိုပဲ ရိပေါ် လေးလံနေတဲ့ ခြေထောက်နဲ့ ဖြေးဖြေးချင်း တံခါးဆီဦးတည်သွားပြီး ဖွင့်ပေးလိုက်တယ်။

"ဟဲ့ ကောင်စုတ်လေး! ဘာကိစ္စ မင်း password က ပြောင်းထားရတာတုန်း! ပြောင်းပြီးရင်လည်း မားကို အသိပေးထားလေ! မင်း မရှိတုန်း မား ရောက်လာတဲ့အခါကျ မားက ဒီတံခါးဝမှာပဲ စောင့်နေရမှာပေါ့..."

ဝေး  (WYB x XZ Fanfic♡)Donde viven las historias. Descúbrelo ahora