LoveMeAgain (11)

8.9K 739 25
                                    


သူမရဲ့နားနားက သူ့အသက်ရှုသံကြောင့် အန်ဟိုင် တုန်ရီသွားရတယ် ။ သူမက လွတ်ဖို့ ရုန်းလေလေ ဟန်ထင်းဟွာက ပိုတင်းတင်း ဖက်လေပဲ ။ သူမ လွတ်မသွားအောင် တားဆီးထားတာလေ
အန်ဟိုင် - ' ဟန်ထင်းဟွာ ၊ နင် !! '

' ရှူး! ဒီမှာ လူတွေအများကြီးရှိနေတာ နင် ဆက်ရုန်းနေပြီး ကိုယ့်ပုံကိုယ် အရူးဖြစ်ချင်နေတာလား ' လျိုအန်ဟိုင် ဘယ်လောက် ဘဝင်ကိုင်လဲ ထင်းဟွာသိတာပေါ့ အန်ဟိုင်ငြိမ်သွားတယ် ။ ခပ်တိုးတိုးရယ်ရင်း အန်ဟိုင့်ကို ဖက်ထားရင်းနဲ့ပဲ ခြေလှမ်းတွေလှမ်းသွားလိုက်တယ် ၊ အန်ဟိုင့်ကိုပါ ကတဲ့နေရာဆီ အတင်းဆွဲခေါ်သွားသလိုဖြစ်တာပေါ့ ။

သူမခါးကိုဖက်ထားတဲ့လက်က ရုန်းမရအောင်ကို သန်မာလွန်းပြီး သူမတို့နှစ်ယောက်ရဲ့ အရမ်းနီးကပ်နေမှုကြောင့် ဘေးလူတွေဆီက လန့်ဖျန့်အံ့သြတဲ့အကြည့်တွေကိုပါ အန်ဟိုင် ခံစားမိနေတယ်။  ဒင်း နောက်ဆုံးမှာ ဘာတွေကြံစည်ထားတာလဲ ?

ခုန်ပေါက်လှုပ်ရှားနေတဲ့ နှလုံးသားကိုချိုးနှိမ်ပြီး အန်ဟိုင် ဟန်ထင်းဟွာကို မော့ကာဘုကြည့်ကြည့်လိုက်တယ် ။ ပြီးတော့ ခပ်တိုးတိုးဟိန်းဟောက်တဲ့လေသံနဲ့
' နင် ဘာလုပ်ဖို့ ကြံနေတာလဲ'

' နင်ကရော ဘယ်လောက်ကြာကြာရှောင်ပြေးနေဖို့ ကြံနေတာလဲ ' ထင်းဟွာ ချက်ချင်းပြန်ပက်တယ် ။

အန်ဟိုင် - ' ဘယ်သူက ပြေးနေလို့လဲ '

ထင်းဟွာ - ' ဒါဖြင့်ရင် ခေါင်းမာပြီး အရင်ရက်တေက အိမ်ကို ပြန်မလာတာက ဘယ်သူလဲ '

အန်ဟိုင် ကိုယ်တောင့်တင်းသွားတယ် ။ ပြီးတော့ အထက်စီးဆန်ဆန်ပဲ မော့ကြည့်မေးငေါ့ပြီး
' နင် ငါ့ကို ထိန်းချုပ်လို့မရဘူး ။ ပြန်လာတာမလာတာ ငါ့ဆုံးဖြတ်ချက်ပဲ '

လေကျယ်ပြီး ဒီအရာထဲကနေ ခေါင်းမာမာနဲ့ ရှောင်ထွက်ဖို့ကြိုးစားနေတယ်ဆိုတာကို ထင်းဟွာ သိတာပေါ့ ။

' နင် ငါ့ဆီကနေ ပုန်းကွယ်နေတယ်ဆိုတာ ငါသိပြီးသား ၊ နင် ငြင်းမနေနဲ့ ' ငြင်းဆန်ဖို့ အခွင့်အရေးလုံးဝမပေးဘဲ ထင်းဟွာ သူမမျက်လုံးတွေကို စိုက်ကြည့်လိုက်တယ် ။

Love Me Again ( Burmese Translation )✔Where stories live. Discover now