'ကောင်လေး!ဒီအိမ်ကိုဝယ်မှာသေချာလား?'
အိမ်ပွဲစားအဒေါ်ကြီးကမေးသည်။'သေချာပါတယ်'
လက်သီးကိုတင်းကြပ်စွာဆုပ်ထား၍
သူပြန်ဖြေလိုက်လေသည်။
သူသိချင်နေတဲ့အရာတွေ ဒီအိမ်ကြီးထဲမှာများ
ရှိနေလေမလား။သူအနည်းငယ်တော့
မျှော်လင့်ချင်သည်။ူသူသိချင်နေတဲ့အရာတွေကိုသိလာရင်ရော
သူနောင်တရမှာလား?သူတွေးမိပြန်သည်။
အိမ်အိုကြီးကိုကြည့်လိုက်မိလေတော့
ပြူတင်းပေါက်တစ်ခုမှ မျက်လုံးတစ်စုံကိုလှစ်ခနဲ
မြင်လိုက်ရလေသည်။သူကျောချမ်းသွားမိသည်။သူအမြင်မှားတာ ဖြစ်မှာပါလေ။
အိမ်အရောင်းအဝယ်စာချုပ်ချုပ်ပြီးနောက်၃ရက်
အတွင်းသူဒီအိမ်ကိုပြောင်းလာဖို့ဆုံးဖြတ်ထားသည်။
ပွဲစားအဒေါ်ကြီးကတော့ရောင်းထွက်ဖို့ခက်တဲ့
ဒီအိမ်ကိုရောင်းလိုက်ရသဖြင့်ပျော်နေသည်။၃ရက်ကြာပြီးနောက်....
သူဒီအိမ်ကိုအပြီးတိုင်ပြောင်းလာသည်။တစ်ကိုယ်
တည်းသမားမို့ပစ္စည်းများများစားစားမရှိ။ဒီအိမ်ကြီးမှာ
ရှိတဲ့အခန်းတွေကသူ့အတွက်တော့များလွန်းနေသည်။
၂ထပ်တိုက်ရှေးဟောင်းအိမ်ကြီး တစ်အိမ်လုံးကို
ကျွန်းသစ်ဖြင့်ဆောက်ထားသည်။အောက်ထပ်ကို
အတော်ကြာသန့်ရှင်းရေးလုပ်ပြီးတော့
လူနေလို့ရလောက်တဲ့အနေအထားဖြစ်သွားသည်။
~~~~~~~'တောင်! တောင်! တောင်!....'
အပေါ်ထပ်ကနေအဆက်မပြတ်ကြားနေရတဲ့
အသံ။အချိန်ကားမနက်၃နာရီ။ကျယ်လွန်းတဲ့အသံ
ကြောင့်သူနိုးလာသည်။တကယ်လား သူထင်နေ
တာတွေကအမှန်များလား။မီးခလုတ်ကိုဖွင့်လိုက်တော့မလာ မြန်မာ့လျှပ်စစ်မီး
ပြတ်တောက်နေသည်။မထူးတော့.....လက်နှိပ်ဓာတ်မီး
ယူပြီးသာအပေါ်ထပ်ကိုတက်လာလိုက်သည်။
လှေကားတွေကဟောင်းနေပြီမို့ တစ်ထစ်ကိုတက်လိုက်တို်င်း
ကျွီ ဆိုသောအသံကိုကြားရသည်။အပေါ်ထပ်နားရောက်လာလေ ခုဏကကြားခဲ့တဲ့
အသံကပိုကျယ်လာလေဖြစ်သည်။တစ်ခုခုကိုခေါက်
နေသလိုမျိုး။အပေါ်ထပ်ကိုရောက်တော့ထူးဆန်းတဲ့
အနံ့တစ်မျိုးကိုရှူမိလေသည်။ကြမ်းပြင်ပေါ်ကိုဓာတ်မီး
နဲ့ထိုးကြည့်တော့ခြေရာတစ်ချို့။လူမရှိတာကြာပြီ
ဆိုတဲ့အိမ်မှာခြေရာတွေလား .....ထိုခြေရာတွေက
အခန်းတစ်ခန်းကိုဦးတည်သွားသည်။ထိုအခန်းရှေ့
ကိုရောက်တော့ တစ်ခြားအခန်းများနှင့်မတူပဲ
အခန်းရှေ့မှာ သိုးမွှေးအင်္ကျီလေးတစ်ထည်ကိုချိတ်
ထားသည်။ထိုအင်္ကျီကိုမြင်လိုက်တော့ရင်ဘတ်က
စူးခနဲအောင့်လာသည်။
YOU ARE READING
Just Write It
Randomစာရေးဝါသနာပါတဲ့သူတွေ အတွေ့အကြုံရပြီး ပျော်ဖို့ကောင်းတဲ့ eventလေးတွေစုထားတာပါ။ Unicode** စာရေးဝါသနာပါတဲ့သူတွေ အတွေ့အကြုံရပြီး ပျော်ဖို့ကောင်းတဲ့ eventလေးတွေစုထားတာပါ။