နွေ(၂၇)
70 3 0
နောင်တ မရမှာသေချာလားလို့ 
နွေ မေးခဲ့ တုန်းက ကျွန်တော်ရယ်ခဲ့ တယ်
အဆင်ပြေသွားမှာပါဆိုတဲ့  ကျွန်တော့် ရဲ့ ခပ်ပေါ့ပေါ့အပြောမှာ
နွေဟာ သိပ်ပြတ်သားတဲ့  မိန်းကလေးဆိုတာ
နောင်တဆိုတဲ့  အရသာဟာ ခါးကြောင်း
နွေ မပါတဲ့  နေ့ တာဟာ ရှည်လွန်းကြောင်း
ဒိုင်ယာရီလေးထဲ မှတ်တမ်းတင်မိတော့ 
ပေါ့ပျက်ပျက်နိုင်တဲ့  ကော်ဖီတွေဟာ
ကျွန်တော့်ကိုအပြစ်တင်နေလေရဲ့
ကျွန်တော်မျက်ရည်တွေကြောင့် သူအခါးပေါ့ရသတဲ့ လေ ။
နွေ🍁[Completed]Where stories live. Discover now