(2)ပထမအကြိမ်တွေ့ဆုံခြင်း

17.2K 1.3K 8
                                    

[Unicode]

အိပ်ရာကနိုးလာသည်နှင့် အငြိမ်မနေတတ်တဲ့
ရှောင်ကျန့်ရဲ့အကျင့်အတိုင်း
ရှောင်ဖုန်းနဲ့ရန်လေးကိုခေါ်ပီး
အပြင်ထွက်လည်ရန်စီစဥ်ခဲ့တယ်

ဝမ်တိုင်းပြည်ကြီးကဘုရင်ကောင်းရဲ့
အုပ်ချုပ်မှုကြောင့်စည်ပင်သာယာပီး
ပြည်သူတွေအများကြီးနဲ့စည်ကားလှသည်

ရှောင်ကျန့်လဲ မူကြိုကလေးတစ်ယောက်
ကစားကွင်း အခုမှ စရောက်ဖူးသည့်အတိုင်း
တွေ့သမျှ မြင်သမျှ အထူးအဆန်းမှန်သမျှကို
ပြူးတူပြဲတဲ လိုက်ကြည့်လေသည်

အလွန်စည်ကားလှတဲ့ စျေးကြီးတစ်ခုကို
တွေ့လျှင်တွေ့ခြင်း ရှောင်ကျန့်လည်း
မိမိလိုချင်သည့်အရာတစ်ခုကို လိုက်ရှာတော့သည်

ရန်လေးက
"သခင်လေး ဘာရှာနေတာလဲဟင်"

"အရက် အဲ မှားလို့ ငါသေရည်သောက်ချင်လို့"
ဒီစျေးမှာသေရည်ဆိုင်ကောင်းကောင်းလေး
မရှိဘူးလား ရန်လေး"

ရှောင်ဖုန်းနဲ့ရန်လေးကတော့
သေရည်သောက်ချင်သည်ပြောသော
သခင်လေးအား အထူးအဆန်းသတ္တဝါကို
မြင်လိုက်ရသည့်အလား လန့်သွားမိသည်
ရှောင်ဖုန်းက

"သ သခင်လေးက သေ သေရည် သောက်မလို့
ဟုတ်လား သခင်လေးကဘယ်တုန်းက
သေရည်သောက်လို့လဲ
ကျနော်တို့သောက်ရင်တောင်အမြဲဆူနေတာလေ"
ရန်လေးကလည်း
"ဟုတ်တယ်လေ သခင်လေး
ကျနော်တို့ကိုမနောက်ပါနဲ့ဗျာ"

ရှောင်ကျန့်လည်း ဒီသခင်လေးက
အသုံးမကျလိုက်တာလို့
စိတ်ထဲက ရေရွတ်မိသည်

"ထားလိုက်ပါတော့
ငါလည်းနောက်တာပါ ဟင်းဟင်း"
တစ်ယောက်တည်းအပြင်ခိုးထွက်မှ
သောက်တော့မည်ဟုစဥ်းစားရင်း
လတ်တလောသောက်ချင်စိတ်ကို
လျှော့ချလိုက်ရသည်

စျေးထဲလျှောက်သွားနေရင်း
ရုပ်ရှင်တွေထဲကနှင့်မတူပဲ
တော်တော်ကွာတာကိုသတိထားမိသည်
ဒီမြို့ဟာလူတွေအရမ်းများပီး
ပစ္စည်းတွေ အိမ်တွေ လူတွေအကုန်လုံးက
တန်ဖိုးကြီးပီး ရှေးဆန်တဲ့အရာများနဲ့
တန်ဆာဆင်ထားလေသည်

ဒီလောက်အဖိုးတန်ပစ္စည်းတွေများတာ
သူခိုးတွေဘာတွေရှိမလားမသိဘူးဆိုပီး
တွေးနေမိတယ် တွေးလို့တောင်မဆုံးသေး
လူတွေအုံပီး ဆူညံသံတွေကြားရသည်
စပ်စုချင်စိတ်နဲ့ လူအုပ်ထဲတိုးပီး
ဝင်ကြည့်မိသည် မိမိနောက်မှာပါလာသော
ဟိုနှစ်ယောက်ကိုလည်းသတိမရတော့

My Prince(Yibo❤️XiaoZhan) Zawgyi & UnicodeWhere stories live. Discover now