Part 1

10.7K 329 14
                                    

Unicode

"မင်းသားလေး... ပြန်ရအောင် မယ်မယ် သိသွားရင် အပြစ်ပေးခံရလိမ့်မယ်"

"ခဏလေးပါ ကျွန်တော် ပစ္စည်းလေးတွေ လိုက်ရှာချင်သေးလို့"

"သခင်လေးရယ် ဒီလောက် နန်းတော်ထဲ တန်ဖိုးကြီးပစ္စည်းတွေရှိနေတာ ဘာလို့ လူတွေစွန့်ပစ်တဲ့ ပစ္စည်းတွေကိုမှ လိုက်ကောက်နေရတာလဲ... ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်လိုက်ပါနော် မိုးလည်းချုပ်တော့မယ် ကျွန်တော်ကြောက်လို့ပါ... နောက်နေ့မှ ထပ်လာပါနော်"

အထိန်းတော်ကြီး၏ စကားကို နည်းနည်းမှနားမထောင်ပဲ ကုန်းမြေနဲ့နီးတဲ့ ရေနက်ပိုင်းမှာ တတွန့်တွန့်နဲ့ရေကူးရင်း သူမမြင်ဖူးတဲ့ ထူးထူးဆန်းဆန်း ပစ္စည်းလေးတွေကို အနီရောင် စလွယ်သိုင်းအိတ်လေးထဲ ကောက်ထည့်နေသည်။

ထိုကလေးကတော့ 16နှစ်အရွယ် Huang Ming Ming။ လူအသွင်ကူးပြောင်းလို့ရသည့် မြင့်မြတ်သောမျိုးရိုးက ဆင်းသက်လာတဲ့ ငါးကလေး Huang Ming Ming။ ပိုးသားလို ဖြူဖွေးနူးညံ့အိစက်နေတဲ့ အသားအရေရှိပြီး ချိုမြိန်တဲ့ အပြုံးပိုင်ရှင် ချစ်စရာကလေးလေး။ အသစ်အဆန်းတွေကိုစိတ်ဝင်စားပြီး အတတ်စမ်းချင်တာရယ်၊ ခေါင်းမာတာရယ်က သူ့ရဲ့ဝိသေသလက္ခဏာပင်။ သူ့မယ်တော်ရဲ့ တင်းကြပ်လွန်းတဲ့ စည်းကမ်းတွေကို ငယ်ငယ်တည်းက ပါးနပ်စွာ ဖောက်ဖျက်တတ်တဲ့အပြင် ရေအောက်နန်းတော်တစ်ခုလုံးကို မွှေနှောက်ပြီး ကလေးဆိုးဆိုးတဲ့ ငလည်ကောင်လေး။

နေဝင်သွားပြီးချိန်ဆို ကမ်းစပ်နားကို အထိန်းတော်ကြီးနှင့်အတူ ခိုးထွက်ပြီး လူတွေ စွန့်ပစ်ခဲ့လို့ ရေအောက်ထဲကျနေသည့် ပစ္စည်းတွေထဲက သူကြိုက်နှစ်သက်ရာလေးတွေကို သူအမြဲဘေးစောင်းလွယ်ထားသည့် လွယ်အိတ်အနီလေးထဲတွင် စုဆောင်းတတ်သည်။ အထိန်းတော်ကြီးလည်း သူ့ကိုမနိုင်။ သူကြောက်တာဆိုလို့ တုတ်နဲ့နာနာရိုက်တတ်သည့် သူ့မယ်မယ်ကလွဲရင်ကျန်တာ အကုန်အရုပ်လုပ်ဆော့တဲ့ကလေး။ သူကြောက်တဲ့ သူ့မယ်တော်တောင် ထိုအိတ်ကို လူတွေဆီက ယူလာမှန်းသိလို့ မသုံးဖို့ပြောသော်လည်း ဘယ်လိုမှ တားမရတာကြောင့် လွှတ်ထားရသည်။

Heart Of A Fish [Completed] Where stories live. Discover now